spot_img
16.4 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းဖယ်ခုံအရှေ့ဘက်ကမ်းကနေ တိမ်းရှောင်သွားရတဲ့ စစ်ရှောင်တွေ မိုးကာနဲ့ စားနပ်ရိက္ခာများလိုအပ်နေ

ဖယ်ခုံအရှေ့ဘက်ကမ်းကနေ တိမ်းရှောင်သွားရတဲ့ စစ်ရှောင်တွေ မိုးကာနဲ့ စားနပ်ရိက္ခာများလိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံအရှေ့ဖက်ကမ်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေအတွက် မိုးကာနဲ့ အခြေခံစားသောက်ကုန် လိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်သူတွေဆီက နေသိရပါတယ်။

“မိုးတွင်းဆိုတော့ အဓိက ကတော့ မိုးကာပေါ့။ ဘယ်နားသွားသွား မိုးကာမပါလဲ အဆင်မပြေဘူးကော။ ရုတ်တရက်ထွက်လာပြီး ဘားမှလဲမပါတော့လေ။ အလုပ်အကိုင်လဲ မရှိတော့ ဆန်၊ဆီ၊ဆားတွေလိုတယ်။” လို့ ဖယ်ခုံအရှေ့ဖက်ကမ်းက ထွက်‌ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောပါတယ်။

တိမ်းရှောင်လာသူတွေက နီးစပ်ရာအလိုက် စုပေါင်းနေထိုင်ကြပြီး လက်ရှိနေထိုင်တဲ့နေရာမှာလည်း စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီး ပစ်ခတ်သံတွေကို ကြားနေကြရတာကြောင့် စိုးရိမ်မှုတွေရှိနေကြဆဲဖြစ်ပါတယ်။

” မိုးတွင်းလဲ ဖြစ်တော့ ပြေးရရင်ဆိုလဲ ကားလဲမရှိတော့ အဲ့ဒါလဲ စိုးရိမ်ပူပန်ရတယ်ပေါ့။ ပြေးရမယ့်နေရာလဲမသိတော့ဖူး။ ဒီလိုပဲ ကြောက်ကြောက်နဲ့နေရတာပေါ့” လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

လက်ရှိနေရာကို ရောက်ရှိလာတာ တလဝန်းကျင်သာရှိသေးပေမယ့် စားနပ်ရိက္ခာ တွေ မယူခဲ့ရတာကြောင့် အကူအညီရဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ