spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းတောင်ကျချောင်းရေကြီးလာတာကြောင့် မယ်ဆယ်နန် ချောင်းကူး တံတားမျောပါပျက်စီး

တောင်ကျချောင်းရေကြီးလာတာကြောင့် မယ်ဆယ်နန် ချောင်းကူး တံတားမျောပါပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇူလိုင်လ (၂၇)ရက်နေ့ ) ညပိုင်းမှာ မိုးသည်းထန်စွားရွာသွန်းပြီး တောင်ကျရေအလုံးအရင်းနဲ့ စီးလာတာကြောင့် မယ်စဲ့မြို့နယ်ထဲက မယ်ဆယ်နန် ချောင်းကူးတံတား မျောပါ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“တောင်ကျရေကျတာ။ အလုံးလိုက်နဲ့ ဆင်းသွားတော့ ဆောက်ထားတဲ့တံတားက ကျဉ်းတယ်ကော။ ကျဉ်းတော့ ခိုင်းလဲမခိုင်တော့ မျောသွားတာ ဖြစ်မှာပေါ့” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

တောင်ကျချောင်းရေ နဲ့အတူတံတာမျောသွားပြီး လူအထိခိုက်‌တော့ မရှိဖူးလို့လဲ သူကဆက်ပြောပါတယ်။

တံတားပျက်စီးသွားတာကြောင့် လူသွားလို့ရအောင် တံတားကို ပြန်လည်ပြင်ဆင်ထားပေမယ့် ကား ဆိုင်ကယ်တွေတော့ သွားလာလို့မရဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“လူသွားလူလာတော့ ရတယ်။ ဒါမဲ့ ဆိုင်ကယ်ကားတော့ သွားလို့မရဘူးပေါ့။ ရေလဲ ကြီးနေသေးတယ်ကော” လို့ဆိုပါတယ်။

အဆိုပါ မယ်ဆယ်နမ် တံတားဟာ ယခင်နှစ်မိုးတွင်းကာလတုန်းကလဲ တောင်ကျချောင်းရေအရှိန်ကြောင့် ပျက်စီးသွားခဲ့ဖူးသလို ယခုနှစ်မှာလဲ အသစ်ထပ်မံ ဆောက်လုပ်ထားတဲ့ တံတား ထပ်မှန် ပျက်စီးသွားတာ‌ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ