spot_img
23 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းသံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီနှံခင်းများ ရေနစ်မြှုပ်ပျက်စီး

သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီနှံခင်းများ ရေနစ်မြှုပ်ပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ (၂၉) ရက်နေ့ ည (၆)နာရီဝန်းကျင်ကစတင်ပြီး သံလွင်မြစ်ရေ ရုတ်တရက်မြင့်တက်လာတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းသီးနှံများ ပျက်စီး‌သွားတယ်လို့ သိရပါတယ်။

“မနေ့ည(ဇူလိုင်လ ၂၉ ရက်နေ့) က ရေစတက်တယ်။ မနက်ရောက်ခါနီးမှာ အလုံးလိုက် ဝင်လာတယ်ပေါ့။ ခြံတွေတော့ သုံးပုံမှာ တပုံမြှုပ်နေပြီ” လို့ ဒေသခံ တဦးက ပြောပါတယ်။

ဖားဆောင်းမြို့ ပေါ်ကနေ စစ်ရှောင်ရင်း ဒေသခံတွေနဲ့အတူ သီးနှံစိုက်ပျိုးပြီး နေထိုင်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီကထွက်တဲ့ သီးနှံတွေကို မော်ချီးအကို ဓိကရောင်းချပြီး ဝမ်းရေးဖြေရှင်းနေကြတဲ့ စစ်ရှောင်နဲ့ ဒေသခံတွေဟာလဲ အခုလိုစိုက်ခင်းတွေ ရေနစ်မြှုပ်သွားတာကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေလဲ ရှိနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုသံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် ကုန်းမြင့်တနေရာမှာ ယာယီတဲတွေ သွားဆောက်နေကြပြီး မိုးကာတွေ လိုအပ်နေကြတယ်လို့ ဒေသခံတဦး က ဆက်ပြောပါတယ်။

“သံလွင်ရေ စံချိန်တင်မြင့်တက်လာမှာစိုးလို့ ကုန်းအမြင့်ပိုင်းတွေမှာ ယာရီတဲကလေး‌‌တွေ ဆောက်လုပ်ထားတာတွေတော့ ရှိတာပေါ့နော်။ ယာယီတဲတွေ‌ ဆောက်လုပ်နေတာကြောင့် မိုးကာတွေလဲ လိုအပ်နေကြတာတွေ ရှိတာပေါ့။” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလဲ အခုလို သံလွင်မြစ်ရေ ရုတ်တရက်မြင့်တက်လာပြီးဒေသခံတွေရဲ့ သီးနှံစိုက်ခင်းတွေ ရေနစ်မြှုပ်ကုန်တာကြောင့် ဖားဆောင်းမြို့နယ်က ဒေသခံတွေရဲ့ စိုက်ခင်းဧကပေါင်း (၈၀၀)ကျော် ရေနစ်မြှုပ် ပျက်စီးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ