spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အမျိုးသမီး (၆၄) ဦးသေဆုံးခဲ့ပြီး ကရင်နီပြည်က (၉) ဦးပါဝင်

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အမျိုးသမီး (၆၄) ဦးသေဆုံးခဲ့ပြီး ကရင်နီပြည်က (၉) ဦးပါဝင်

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ၊ တစ်လအတွင်း အမျိုးသမီး (၆၄) ဦးသေဆုံးခဲ့ပြီး ကရင်နီပြည်က (၉) ဦးပါဝင်တယ်လို့ ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ မြန်မာ့အမျိုးသမီး သမ္မဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ သေဆုံးခဲ့သူ (၆၄) ဦးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၂) ဦး၊ လက်နက်ကြီးကြောင့် (၁၁) ဦး၊ ဆေးဝါးကုသခံယူမှု မရရှိတာကြောင့် (၁) ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူ (၆၄) ထဲမှာလည်း အသက် (၁၈) နှစ်အောက် (၁၄) ဦးပါဝင်ပါတယ်။

ဒါ့အပြင် ဇူလိုင်လအတွင်းမှာပဲ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး ပေါင်း( ၈၀) ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးမှာ (၂၈) ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ (၉)ဦး၊ ကရင်နီပြည်မှာ (၉) ဦး၊ မကွေးတိုင်းမှာ (၃)ဦး၊ ရှမ်းပြည်မှာ (၄)ဦး၊ မွန်ပြည်နယ်မှာ (၂)ဦး၊ တနင်္သာရီတိုင်းမှာ (၄)ဦး၊ ကချင်ပြည်နယ်မှာ (၂)ဦး၊ ရန်ကုန်တိုင်းမှာ (၁) ဦး ၊ ကရင်ပြည်နယ်မှာ(၁)ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ (၁)ဦးတို့ ဖြစ်ပါတယ်။

BWU ရဲ့ ထုတ်ပြန်ချက်အရ တစ်လအတွင်း ကရင်နီပြည်မှာ သေဆုံးသူ အမျိုးသမီး (၉) ဦးရှိခဲ့တယ်လို့ ဆိုပေမယ့် သေဆုံးရတဲ့ အကြောင်းအရင်းအတိအကျမပါဝင်ပါဘူး။ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီပြုစုထားတဲ့ စာရင်းအရတော့ မော်ချီးဒေသကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့နဲ့ ၁၄ ရက် နှစ်ရက်အတွင်းမှာ အမျိုးသမီး ၉ ဦးအထိသေဆုံးတယ်လို့ သိရပါတယ်။

ဇူလိုင်လတစ်လ အတွင်း သေဆုံးခဲ့သူ အမျိုးသမီးတွေမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက သေဆုံးမှုအများဆုံးရှိခဲ့တယ်လို့ BWU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ