spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဖယ်ခုံမှာ မိုးအဆက်မပြတ်ရွာပြီး တောင်ကမ်းပါးပြို၊ ပျက်စီးသွားတဲ့ လမ်းတွေကို လူထုတွေ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြ

ဖယ်ခုံမှာ မိုးအဆက်မပြတ်ရွာပြီး တောင်ကမ်းပါးပြို၊ ပျက်စီးသွားတဲ့ လမ်းတွေကို လူထုတွေ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းက ကျေးရွာအချို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် တောင်ကမ်းပါးပြိုကာ ပျက်စီးသွားခဲ့တဲ့ လမ်းတွေကို လူထုတွေ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြပါတယ်။

လက်ရှိအချိန်ထိ လမ်းမပေါ် ရေကြီးနေဆဲ ပဲလို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ က ဖယ်ခုံအနောက်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာ နှစ်ရွာထက်မနည်း တောင်ပြို ၊ကမ်းပြိုမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရေအခြေအနေကတော့ ကြီးတုန်းပဲ ။ပြန်သွားလို့တော့ မရသေးဘူး။ လမ်းတွေပျက်ကုန်လို့လေ။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

မိုးရေကြီးပြီး လမ်းပျက်စီးမှုတွေကို လာရောက်ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းမရှိသေးတာကြောင့် ကျေးရွာပြည်သူလူထုတွေကနေ ကိုယ်ထူကိုယ်ထ ဖြေရှင်းနေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တောင်ကျရေ စီးဆင်းမှုကြောင့် လူထုသွားလာဖို့ လမ်းမ ပျက်စီးခဲ့တဲ့အပြင် အများသုံး သောက်ရေကန်တစ်ခု နဲ့ လူထု‌တွေရဲ့ လယ်ယာအချို့ လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လယ်ယာပျက်စီးမှု ပမာဏ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာတွေမှာ ကျေးရွာဒေသခံတွေအပြင် စစ်ဘေးကြောင့် လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှောင်လူထုထုတွေလည်း ရှိနေတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ နေ့စဥ် လေကြောင်းပျံဝဲမှု‌တွေ ရှိ‌နေသလို မိုးလည်း ဆက်လက်ရွာသွန်းနိုင်တဲ့ခန့်မှန်းချက်တွေကြောင့် လူထုတွေအနေနဲ့ စစ်ဘေးဒဏ်အပြင် သဘာဝဘေးဒဏ် တွေကို အထူးသတိထားကြဖို့ ကိုလည်း တိုက်တွန်းချင်တယ်လို့ အဆိုပါ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ