spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်း“KAJIKI” အပူပိုင်းမုန်တိုင်းကြောင့် ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်

“KAJIKI” အပူပိုင်းမုန်တိုင်းကြောင့် ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်

-

ကန္တာရဝတီတိုင်း ( မ် )

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ “KAJIKI” လို့ခေါ်တဲ့ အပူပိုင်းမုန်တိုင်းကြောင့် ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ ဩဂုတ်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အသိပေးထားပါတယ်။

“KAJIKI” လို့ခေါ်တဲ့ အပူပိုင်းမုန်တိုင်းဟာ တိုက်ဖွန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာပြီး ဗီယက်နမ်နိုင်ငံ နဲ့ လာအိုနိုင်ငံအထက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကာ အဆိုပါမုန်တိုင်းကနေ လွှင့်စင်လာတဲ့ ကြွင်းကျန်တိမ်တိုက်တိမ်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့မှာ မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။

မိုးအခြေအနေမှာ‌တော့ ကရင်နီပြည်အပါအဝင် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ် စတဲ့ ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ “KAJIKI” မုန်တိုင်းကြောင့်ပဲ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံအတွင်းက နေရာတချို့မှာလည်း ဩဂုတ်လ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း အရှိန်အဟုန်ပြင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။

နေရာဒေသအရ ထိုင်းနိုင်ငံအတွင်းက မယ်ဟောင်ဆောင် အပါအဝင် ၊ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ဖွန်း ၊ လိုင်ပန်၊ ဖါအို၊ နန်း၊ ဥတ္တရဒစ်၊ တာ့ခ်၊ ဆူခိုထိုင်း၊ ကမ်ဖန်ပေ စတဲ့ဒေသတွေ ဖြစ်ပါတယ်။

မုန်တိုင်းရဲ့ နောက်ဆက်တွဲအနေနဲ့ မြေပြိုတာ၊ တောင်ပြိုတာတွေအပြင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ကမ်းပါးပြိုတာ၊ နေရာကွက်ပြီး ရေကြီးရေလျှံတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အထူးသတိထား နေထိုင်ကြဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ