spot_img
21.9 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဖရူဆိုမြို့နယ် အစွန်ဖျားက ကျေးရွာနှစ်ရွာမှာ ကလေးတွေ အရေပြားယားယံမှု အဖြစ်များ

ဖရူဆိုမြို့နယ် အစွန်ဖျားက ကျေးရွာနှစ်ရွာမှာ ကလေးတွေ အရေပြားယားယံမှု အဖြစ်များ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်တောင်ဘက်ခြမ်းက ခေါပရာ (ခိုဘွာ)၊ စို့ခွတ် (တော်ခူ) ကျေးရွာ နှစ်ရွာမှာ နေထိုင်ကြတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင် ကလေးတွေဟာ အရေပြားယားယံမှုတွေ အဖြစ်များနေတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကလေးတွေ တအားယားတော့ ကုတ်ရင်းနဲ့ သူ့ဟာ တဖြေးဖြေးနဲ့ ပွားလာတယ်။ တချို့ကလေးတွေကတော့ တလုံးတလုံး အရည်ကြည်ဖုနဲ့ပေါ့၊ ရွာထဲမှာ တော်တော်ဖြစ်ကြတယ်။”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

အရေပြားယားယံသူတွေရဲ့ လူဦးရေ အချက်အလက်ကိုတော့ အတိအကျ မသိရှိပေမယ့် ကူးစက်မှုကြောင့် အဖြစ်များနေကြတယ်လို့ ဆိုပါတယ်။

အရေပြားယားယံမှု ခံစားရသူတွေဟာ ခန္တာကိုယ်အနှံ့ အနီစက်ထွက်တာ၊ ယားယံတာ၊ ပြည်တည်နာဖြစ်တာနဲ့ ရောင်ရမ်းတာ စတဲ့ လက္ခဏာဖြစ်ကြပြီး တချို့ကလေးငယ်တွေမှာ အနာအတွင်းကို ပိုးဝင်သွားတဲ့အထိ ဖြစ်ကြတာကြောင့် ခံနိုင်ရည်မရှိကြဘူး လို့လည်း ဆိုပါတယ်။

“တစ်ခါတစ်လေ သူ ကျောင်းသွားရင် သူယားလို့ သွားသွားကုတ်လာတော့ အရည်ထွက်တယ်၊ မကုတ်နဲ့ ပြောထားပေမယ့် ကလေးဖြစ်တော့ မခံနိုင်ကြဘူးလေး၊ ပိုးဝင်သွားတဲ့ အထိ ဖြစ်တယ်”လို့ စစ်ဘေးရှောင်တစ်ဦးက ဆက်ပြောပါတယ်။

အခုလို အရေပြားယားယံမှု ဖြစ်ပွားနေတာ ၂လခန့် ရှိနေပြီဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တဲ့အတွက် ဆေးဝါးအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံ၊ ဆေးခန်း သွားရောက်ပြသနိုင်ဖို့ ဒေသခံတွေ စစ်ဘေးရှောင်တွေအနေနဲ့ သွားလာရေး ခက်ခဲနေကြတာပါ။

နယ်လှည့်ဆေးကျန်းမာရေးအဖွဲ့ လာရောက်တဲ့အခါ ပြသကြပေမယ့် ယားယံမှုမပျောက်သေးတဲ့သူတွေကတော့ နီးစပ်ရာ ဆေးခန်းတွေမှာ လိမ်းဆေး သွားတောင်းရတယ်လို့ ဆိုပါတယ်။

အဆိုပါ ခေါပရာ (ခိုဘွာ)၊ စို့ခွတ် (တော်ခူ) ကျေးရွာ နှစ်ရွာမှာ ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေလည်း လာရောက်နေထိုင်ကြပြီး အိမ်ခြေ ၆၀ နဲ့ လူဦးရေ ၂၀၀ ဝန်းကျင် ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ