spot_img
29.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းတရုတ်နိုင်ငံက အင်တာနက်ထိန်းချုပ်ရေးစနစ်ကို စစ်ကော်မရှင်တပ်ဆီ ရောင်းချတပ်ဆင်

တရုတ်နိုင်ငံက အင်တာနက်ထိန်းချုပ်ရေးစနစ်ကို စစ်ကော်မရှင်တပ်ဆီ ရောင်းချတပ်ဆင်

-

ကန္တာရဝတီတိုင်း(မ်)

တရုတ်နိုင်ငံက အင်တာနက်ထိန်းချုပ်ရေး မဟာရံစနစ် (Great Firewall) နဲ့တူတဲ့ အသင့်သုံး ဘက်စုံစောင့်ကြည့် ထောက်လှမ်းရေးနဲ့ ဆင်ဆာစနစ်ကို စစ်ကော်မရှင်ဆီ ရောင်းချထားတယ်လို့ Justic for Myanmar ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်ရဲ့ အင်တာနက် ပိတ်ပင်ရေးမဟာရံစနစ်ပုံစံကို တရုတ်ကုမ္ပဏီ Geedge Networks က ရောင်းချတပ်ဆင်ပေးမှု က မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၃၃.၄ သန်းရဲ့ အွန်လိုင်းအသုံးပြုမှုအချက်အလက်တွေကို စစ်ကော်မရှင်က အကန့်အသတ်မဲ့ ရရှိစေနိုင်တယ်လို့ ပြောပါတယ်။

အဆိုပါ အင်တာနက်ထိန်းချုပ်ရေးစနစ်မှာ အင်တာနက်အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုတွေကို ကြားဖြတ်ကြည့်ရှုပြီး ကြိုးကိုင်ခြယ်လှယ်ခြင်းအတွက် အသေးစိတ်အထုပ်ဖြေ စစ်ဆေးတာ၊ မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့ တည်နေရာကို အချိန်နှင့်အမျှ ခြေရာခံတာ၊ သုံးစွဲသူတွေရဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုပုံစံတွေ့ရှိပါက အလိုအလျောက် အချက်ပြတာ၊ ဝဘ်ဆိုဒ်တွေနဲ့ အပ်ပလီကေးရှင်းတွေကို စိတ်ကြိုက်လိုသလို ပိတ်ပင်တာ၊ အန္တရာယ်ပြုဆော့ဝဲလ်များ ထိုးဖောက်ထည့်သွင်းနိုင်စွမ်းများ အစရှိသည်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

Geedge ရဲ့ စနစ်တွေက အင်တာနက်ကွန်ရက်သုံးစွဲမှုကနေတစ်ဆင့် လူတစ်ဦးချင်းစီခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံပြီးမိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ တည်နေရာတွေကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမယ်လို့ ဆိုပါတယ်။

ခေတ်မီတဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာ ဖြတ်တောက်ရေးနည်းပညာကို လည်ပတ်အသုံးပြုရာမှာ ATOM ( တယ်လီနော) ၊ MPT ၊ Mytel ၊ အော်ရီဒူး စတဲ့ မြန်မာ့ဆက်သွယ်ရေးလိုင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တရုတ်ကုမ္ပဏီ Geedge Networks က ကမ္ဘာတဝန်းက အာဏာရှင်အစိုးရတွေဖြစ်တဲ့ အီသီယိုပီးယား၊ ပါကစ္စတန်၊ ကာဇတ်စတန်၊ မြန်မာတို့အပြင် တရုတ်နိုင်ငံရဲ့ ပြည်နယ်တွေ အပါအဝင် နိုင်ငံများစွာတို့မှာ စွမ်းဆောင်ရည်အပြည့်ရှိသည့် ထောက်လှမ်းရေးနည်းပညာများကို Geedge Network က တပ်ဆင်ပေးထားမှုများအကြောင်းကိုလည်း InterSecLab က စက်တင်ဘာ ၉ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ