spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဆယ်ကျော်သက်လူငယ်တစ်စု၏ ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံး

ဆယ်ကျော်သက်လူငယ်တစ်စု၏ ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ယမန်နေ့ည ၁၂ နာရီခွဲ အချိန်တွင် ဆယ်ကျော်သက် လူငယ်တစ်စုမှ ဝိုင်းရိုက်နှက်ရာ လူငယ်တစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ် စေးရယ်ဖြစ်ပြီး ဆယ်ကျော်သက် လူငယ်အဖွဲ့၏ ရိုက်နက်ခြင်းကြောင့် သေဆုံးသွားတာဖြစ်ကြောင်း သိရသည်။ ဆယ်ကျော်သက် လူငယ်အဖွဲ့မှ မည်သည့် အကြောင်းကြောင့် ရိုက်နက်သည်ကို စခန်းကော်မတီများမှ မသိရသေးပေ။

ရိုက်နက်မှုတွင် ပါဝင်သည့် လူငယ် ၁၁ ဦးကို ယနေ့ မနက်တွင် ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ရဲများမှ ဖမ်းဆီးခေါ်ဆောင်သွားကာ သေဆုံးသူ၏ အလောင်းကို စစ်ဆေးရန် ရဲများမှ သယ်ဆောင်သွားခဲ့သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ