spot_img
19.1 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းစစ်ကော်မရှင်တပ် လက်နက်ကြီးကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးငယ်နှစ်ဦး ထိမှန်

စစ်ကော်မရှင်တပ် လက်နက်ကြီးကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးငယ်နှစ်ဦး ထိမှန်

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ အောက်တိုဘာလ (၃)ရက်နေ့က ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း၊ လွိုင်လင်လေးမြို့မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျေးရွာတစ်ရွာက အသက် (၁၀) နှစ်အရွယ် ကလေးငယ်နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ဒိကနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွိုင်လင်လေး အခြေစိုက် ခမရ (၅၃၀)တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိမှန်သူနှစ်ဦးထဲက တစ်ဦးမှာ ပုခုံး ဒဏ်ရာ နဲ့ ကျန်တစ်ဦးမှာ လက်တစ်ဖက်ပြက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုလုပ်ဆောင်ချက်တွေက ရွေးကောက်ပွဲအနီး ဆက်တိုက်ရှိလာတဲ့ စစ်ကော်မရှင်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေဖြစ်ပြီး လူထုတွေအနေနဲ့လည်း လုံခြုံရေးကို ဦးစားပေးနေထိုင်ဖို့လိုကြောင်းကိုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“အဓိကကတော့ ကိုယ့်ရဲ့လုံခြုံရေးကို အလေးထားပြီးတော့ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ မေတ္တာရပ်ခံတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈) ရက်နေ့မှာလည်း လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ အသက် (၅၀) အရွယ် အရပ်သားအမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ တောင်စလုံးကျေးရွာတွေမှာ စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ တပ်ဖြန့်ထားပြီး အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးများပစ်ခတ်မှုရှိခဲ့တယ်လို့ ဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ