spot_img
22.7 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းKSVT အဖွဲ့ဦးဆောင်ပြီး မြေပြင်ကယ်ဆယ်ရေးတပ်သားတွေကို အခြေခံ ရှေးဦးသူနာပြုစုနည်း မွမ်းမံ သင်တန်းပို့ချ

KSVT အဖွဲ့ဦးဆောင်ပြီး မြေပြင်ကယ်ဆယ်ရေးတပ်သားတွေကို အခြေခံ ရှေးဦးသူနာပြုစုနည်း မွမ်းမံ သင်တန်းပို့ချ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က မြေပြင်ကယ်ဆယ်ရေးတပ်သားတချို့ကို KSVT အဖွဲ့ကနေ ဦးဆောင်ပြီး အခြေခံ ရှေးဦးသူနာပြုစုနည်း မွမ်းမံ သင်တန်းကို ပို့ချပေးနေတယ်လို့ Karenni State Volunteer Team ဆီကနေ သိရပါတယ်။

မြေပြင်မှာလည်း ကယ်ဆယ်ရေးဟာ အရေးပါတာကြောင့် မွမ်းမံသင်တန်းပေးရတာဖြစ်တယ်လို့ Karenni State Volunteer Team ရဲ့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စစ်မြေပြင်မှာ တိုက်ခိုက်ရေးအင်အားလိုအပ်သလို ကယ်ဆယ်ကုသရေးကလည်း အရမ်းအရေးပါတဲ့အရာဖြစ်တယ်လေးနော။ ကျနော်တို့က ကုသရေးပိုင်းကမဟုတ်ပေမယ့် ကယ်ဆယ်ရမယ့်သူတွေဖြစ်တယ်။ ဒါကြောင့် ကိုယ်လုပ်ဆောင်ရမယ့် တာဝန်အပိုင်းမှာ အရည်အချင်း ပြည့်မီဖို့က အဓိကကျတာမို့ တတ်ပြီးသားတွေ မမေ့အောင် မသိတာကိုလည်း တတ်သွားအောင်အနေနဲ့ဘဲ ပြန်မွမ်းမံပေးတာဖြစ်ပါတယ်။”လို့ KSVT ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အခြေခံရှေးဦးသူနာပြုစုနည်း မွမ်းမံ သင်တန်းကိုတော့ ယခုလ အောက်တိုဘာ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

သင်တန်သား ၁၅ ဦး တက်ရောက်ပြီး အမျိုးသား ၁၁ ဦး နဲ့ အမျိုးသမီး ၄ ဦး ပါဝင်ပါတယ်။ လက်ရှိ သင်တန်းတက်ရောက်သူတွေဟာ မြေပြင်မှာ အလုပ်လုပ်နေကြတဲ့ မြို့နယ်အသီးသီးက ကယ်ဆယ်ရေးတပ်သားတွေဖြစ်တယ်လို့ သင်တန်းပို့ချပေးသူဆီကနေ သိရပါတယ်။

“အခု ပို့ချတဲ့ ၇ရက်ပြီးရင်တော့ သင်ထားတာတွေကို စာမေးပွဲ အနေနဲ့ပြန်စစ်ဖို့လဲရှိပါတယ်။ စာမေးပွဲအောင်မြင်ရင်တော့ နောက်ထပ် First aid ထက်မြင့်မယ့် သင်တန်းတစ်ခုကို ထပ်ပို့ချသွားဖို့လည်းရှိပါတယ်။”လို့ သူကဆိုပါတယ်။

လက်ရှိ ပို့ချပေးနေတဲ့ သင်တန်းပြီးဆုံးသွားချိန် အရည်ချင်းပြည့်မီတဲ့ ကယ်ဆယ်ရေးတပ်သားတွေကို မွေးထုတ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း Karenni State Volunteer Team ရဲ့တာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ