spot_img
26.4 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းလွိုင်ကော်အရှေ့ခြမ်းက ထပ်ဆင့်ရွေ့ပြောင်းရတဲ့ စစ်ရှောင်တွေ အကူအညီ လိုအပ်နေ

လွိုင်ကော်အရှေ့ခြမ်းက ထပ်ဆင့်ရွေ့ပြောင်းရတဲ့ စစ်ရှောင်တွေ အကူအညီ လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတနေရာက ထပ်ဆင့်ရွေ့ပြောင်းရတဲ့ စစ်ရှောင်တွေအတွက် အခက်အခဲတွေရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယပတ်လောက်က စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာပြီး ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာရှိသလို စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီး ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ရှောင်တွေဟာ ပိုမိုလုံခြုံမယ်လို့ ယူရတဲ့နေရာတွေကို ထပ်ဆင့်ရွေ့ပြောင်းခဲ့ကြတာပါ။

အခုလို ထပ်ဆင့်ရွေ့ပြောင်း တိမ်းရှောင်ရတာတွေကြောင့် စားဝတ်နေရေးအပြင် ကျန်းမာရေးပိုင်းဆိုင်ရာတွေဖြစ်တဲ့ အိမ်သာခွက်တွေလည်း လိုအပ်ချက်များပြားနေတယ်လို့ စစ်ရှောင်ကော်မတီဝင်တဦးက အခုလို ပြောပါတယ်။

“အခက်အခဲတွေက အများကြီးပဲပေါ့။ လမ်းပန်းဆက်သွယ်ရေးတွေလည်း အများကြီးခက်ခဲတယ်။ စားဝတ်နေရေးတွေကော။ ပြီးတော့ အခုလက်ရှိ မိုးနဲ့ တိုးသွားတော့ မိုးကာရယ် နောက်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးမှ အိမ်သာပေါ့နော် ၊ အိမ်သာနဲ့ပတ်သက်ပြီးတော့ အခက်အခဲအများကြီးကြုံသွားတယ်ပေါ့နော်” လို့ အဆိုပါ စစ်ရှောင်ကော်မတီဝင်တဦးက ပြောပါတယ်။

တချို့အဆင်ပြေတဲ့ မိသားစုတွေက အမိုးအကာတွေ ဝယ်ယူချင်ပေမယ့် လမ်းခရီးအခက်အခဲတွေကြောင့် ဝယ်ယူဖို့အတွက် ခက်ခဲနေပြန်တယ်လို့လည်း ဆိုပါတယ်။

ထပ်ဆင့်ရွေ့ပြောင်းတိမ်းရှောင်ရပြီး လိုအပ်ချက်များပြားနေတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု တထောင် ဝန်းကျင် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ