spot_img
27.4 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းလွိုင်ကော် - ရန်ကုန် Express ကားတွေကို တိုက်ရိုက် ပြန်လည်ပြေးဆွဲ

လွိုင်ကော် – ရန်ကုန် Express ကားတွေကို တိုက်ရိုက် ပြန်လည်ပြေးဆွဲ

-

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော် – ရန်ကုန် ၊ ရန်ကုန် – လွိုင်ကော် အဝေးပြေးယာဉ်လိုင်း Express ကားကြီးတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့က စပြီး တိုက်ရိုက်ပြေးဆွဲနေပြီလို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ၁ လေးလုံး စစ်ဆင်ရေးနောက်ပိုင်း မြို့အသီးသီးကို ပြေးဆွဲတဲ့ ယာဥ်လိုင်းအားလုံး ရပ်တန့်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လွိုင်ကော်မြို့တွင်းနဲ့ တခြားမြို့ကို ကားငယ်တွေ ပြန်လည်ပြေးဆွဲခဲ့ပေမယ့် ယာဉ်လိုင်း Express ကားကြီးတွေကိုတော့ ၂နှစ်အကြာမှာ ပြန်လည်ပြေးဆွဲနေတာ ဖြစ်ပါတယ်။

“တိုက်ရိုက်စီးရတော့ ကောင်းတယ်။ အရင်က လွိုင်ကော်ကနေ ရန်ကုန်ကိုသွားရင် အောင်ပန်း မဟုတ်ရင် ပင်လောင်းမှာ ကားပြန်ချိန်းပြီး စီးရတာ”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

Express ယာဥ် အတွက် လက်မှတ်တစ်စောင်ကို ၆၀၀၀၀ ကျပ် ကုန်ကျပြီး မှတ်ပုံတင်ရှိမှသာ စီးနှင်းခွင့်ရမှာဖြစ်တယ်လို့ ယာဉ်လိုင်းတွေက ကြေညာထားပါတယ်။

လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ – ပင်လောင်း – ရန်ကုန် တိုက်ရိုက်ပြေးဆွဲမှာဖြစ်ပြီး အဆိုပါလမ်းကြောင်းမှာ စစ်ကော်မရှင် စစ်ဆေးရေးဂိတ် အနည်းဆုံး ၂၀ ခန့် ရှိသလို စစ်ဆေးမှု တင်းကြပ်တယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“အမြဲတမ်းဖုန်းစစ်နေတာမျိုးမဟုတ်ပေမယ့် မသင်္ကာတဲ့ သူဆိုရင်တော့စစ်တယ်။ နောက်ပြီး သူတို့ မှာရှိတဲ့ ပြစ်မှု မှတ်တမ်းမှာ ပါတဲ့ သူဆို တစ်ခါထဲဖမ်းတယ်”လို့ သူက ဆိုပါတယ်။

လွိုင်ကော် – ရန်ကုန် ယာဉ်လိုင်းထွက်ချိန်မှာ မနက် ၇ နာရီခွဲ ၊ ရန်ကုန် – လွိုင်ကော် ယာဉ်ထွက်ချိန်မှာတော့ ညနေ ၄ နာရီဖြစ်ပြီး ထင်းရှူးမြို့တော် ၊ ရွှေကိန္ဒရီ ၊ ရွှေကယား၊ သိန်းသန်းကုဋေ စတဲ့ Express ယာဉ်လိုင်းတွေက နေ့စဉ်ပြေးဆွဲနေပြီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ