spot_img
16.8 C
Loikaw
Monday 24, November 2025
spot_img
Homeသတင်းဖယ်ခုံမှာ အသက်မပြည့်သေးတဲ့ မသန်စွမ်းအမျိုးသမီးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်ခံရ ၊ KSP ထံ တိုင်ကြားထား

ဖယ်ခုံမှာ အသက်မပြည့်သေးတဲ့ မသန်စွမ်းအမျိုးသမီးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်ခံရ ၊ KSP ထံ တိုင်ကြားထား

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ် က ရှမ်း – ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်အတွင်း တနေရာမှာ အသက် မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရတယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်ခံရသူ အမျိုးသမီးငယ် မှာ အသက် ၁၄ နှစ်အရွယ်သာ ရှိပြီး ဦးနှောက်အမြှေးပါးရောဂါကြောင့် မသန်စွမ်းသူ ဖြစ်ပါတယ်။

ကျူးလွန်သူကတော့ အသက် ၂၂ နှစ်အရွယ် မောင်ပီတယ်ဆိုသူ ဖြစ်ပြီး ကျုးလွန်ခံရသူ မိသားစုနဲ့ ရင်းနှီးသူဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာ ကျူးလွန်သူ မောင်ပီတယ်ဟာ အမျိုးသမီးငယ်ရဲ့ နေအိမ်ကို ရောက်ရှိလာပြီး မိခင်ဖြစ်သူနဲ့ စကားပြောဆိုပြီးနောက် မိခင်ဖြစ်သူ အိမ်နောက်ဖေးသွားစဉ်မှာ အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

“သူ့ရဲ့သမီးလည်း မတွေ့ဘူး။ ခုနက ပြောတဲ့ ပီတယ်ဆိုတဲ့တယောက်ကိုလည်း မတွေ့လိုက်ဘူး။ ဘာဖြစ်နေကြတာလည်း သူပြောပြီးတော့ အိမ်ထဲကို သူဝင်လာတဲ့အချိန်မှာပဲ အဲ့ဒီကောင်လေးက (မောင်ပီတယ်)က ဒီကလေးမလေးကို အခန်းထဲမှာ တွန်းလှဲပြီးတော့ သူ့ရဲ့….ိင်တံကို စုပ်ခိုင်းတယ်ပေါ့နော်။ ခပ်ရိုင်းရိုင်းပြောရရင် ..ိင်တံကို စုပ်ခိုင်းတယ်။ ဒီကလေးမလေးရဲ့ရင်သားကိုလည်းသူ တင်းတင်းကြပ်ကြပ်လေး ညစ်တယ်ပေါ့နော်။” လို့ မိသားစုနဲ့ နီးစပ်ပြီး ဖြစ်စဉ်ကို သိရှိသူ တဦးက ပြောပါတယ်။

ကျူးလွန်းသူ မောင်ပီတယ် ရဲ့ မိခင်ဖြစ်သူက ကျူးလွန်းခံရသူ အမျိုးသမီးငယ် အိမ်ကို လာရောက်ပြီး ငွေကြေးနဲ့ ကြေအေးဖို့ကိုလည်း ညှိနှိုင်းပြောဆိုခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

အခုလို အမျိုးသမီးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ ပက်သက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးလိုစေကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး KyWO ရဲ့ Violence against women (VAW) လုပ်ငန်းစဉ်တာဝန်ခံ တဦးက အခုလို ပြောပါတယ်။

“အုပ်ချုပ်ရေးပိုင်းမှာ ရပ်တည်နေတဲ့သူတွေ၊ ဆက်စပ်နေတဲ့သူတွေအပါအဝင် ဒီလိုမျိုးအကြမ်း ဖက်မှုတွေ ကျူးလွန်နေတဲ့သူတွေကို ထိထိရောက် ရောက်ကိုင်တွယ် ဖြေရှင်းပေးဖို့တော့ လိုပါမယ်။ တကယ်လို့သာ မလုပ်ပေးနိုင်ဘူးဆိုရင် ကျူးလွန်သူတွေက နိုင်ငံရေး/စစ်ရေးအရ အခွင့်ကောင်းယူပြီး ဆက်လက် ကျူးလွန်နေကြတာတွေလည်း ဖြစ်တယ်” လို့ အဆိုပါ တာဝန်ခံ က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၀ ရက်နေ့မှာတော့ ကျူးလွန်ခံရသူကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ဖို့အတွက် ကရင်နီပြည်ရဲဌာန KSP အမှတ် (၁၅) စခန်းမှာ တိုင်ကြားမှု ပြုလုပ်ထားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ နောက်ထပ် ဒေသခံတဦး က အခုလို ပြောပါတယ်။

“ကျူးလွန်ခံရသူ မိဘဖက်က ဒါဟာ ပြစ်မှုမြောက်တယ်။ ..ိင်အင်္ဂါကို ပါးစပ်ထဲ ထည့်တာနဲ့တင် ပြစ်မှုမြောက်တယ်။ နောက်ပြီးတော့မှ ကလေးက အသက်လည်း မပြည့်သေးဘူး။ နောက်တခုကလည်း ကလေးက မသန်စွမ်းလည်း ဖြစ်နေတယ်။ မသန်စွမ်းဆိုတာ ဦးနောက် ချို့ယွင်းတယ်ပေါ့နော်။ အသက် ၁၄ အရွယ် ရှိတယ်ဆိုပေမယ့်လည်း သူ့စိတ်က ၄ နှစ် ၅ နှစ်အရွယ် ပုံစံမျိုးပဲ ဖြစ်နေတယ်။ အဲ့ကြောင့်မို့ ထိရောက်တဲ့အပြစ်ပေး အရေးယူမှုတွေ လုပ်ချင်တယ်ဆိုလို့ KSP အမှတ် ၁၅ ဆီမှာ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူ မောင်ပီတယ်ကို KSP တွေက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ သူ့ကို အမှုဖွင့် အရေးယူနေဆဲ ဖြစ်တယ်လို့ KSP ရဲ့ တာသတင်းနှင့်ပြန်ကြားရေး တာဝန်ခံတဦးက အခုလို ပြောပါတယ်။

“KSP အမှတ် ၁၅ ရဲစခန်း (ပ) ၆/၂၀၂၅ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆/၅၁၂၊ ၃၇၇ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တယ်” လို့ KSP ရဲ့ တာသတင်းနှင့်ပြန်ကြားရေး တာဝန်ခံ တဦး က ပြောပါတယ်။
လက်ရှိ တော်လှန်ရေးကာလ အတွင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ နေရာမျိုးစုံမှာ အကြမ်းဖက်ခံနေရမှုတွေကို ပိုမိုတွေ့မြင်နေရတယ်လို့ အဆိုပါ တာဝန်ခံက ဆက်ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှု (၁၃)ခု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃)ခု၊ သက်ငယ်မုဒိမ်းမှု (၅) ခု စုစုပေါင်း (၂၁) ခုအထိ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ စာရင်းအရ ရှိတယ်လို့ VAW လုပ်ငန်းစဉ်တာဝန်ခံ က ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ