spot_img
16.8 C
Loikaw
Monday 24, November 2025
spot_img
Homeသတင်းယခုနှစ် ဒေသထွက် ချိတ်တွေ စျေးကောင်းမရ

ယခုနှစ် ဒေသထွက် ချိတ်တွေ စျေးကောင်းမရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ရဲ့ ဒေသထွက် ကုန်ပစ္စည်းတခု ဖြစ်တဲ့ ချိတ် ဟာ ယခုနှစ်မှာ စျေးကောင်းမရဘူးလို့ ချိတ်ရောင်းဝယ်သူတွေဆီကနေ သိရပါတယ်။

“ပြီးခဲ့တဲ့ နှစ် အခြောက် က ၅ သောင်းနှစ်ထောင်ကျပ် အထိ ရတယ်၊ ဒီနှစ်တော့ တော်တော် စျေးကျသွားတယ်။ ” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ယခင်နှစ်မှာတော့ ချိတ် ဝယ်ယူပေးနေသူတွေရှိသလို စျေးကောင်းရနေခဲ့ပေမယ့် ယခုနှစ်မှာတော့ စျေးနှုန်း ကျဆင်းလာတဲ့အတွက် ဒေသတွင်း တိုက်ပွဲကြောင့် ချိတ် ခုတ်ယူနိုင်ဖို့ နဲ့ သယ်ယူပို့ဆောင်ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

“အခြေအနေက နည်းနည်းဆိုးလာတော့ မခုတ်လိုက်ရပဲနဲ့ ပြေးလိုက်ရတဲ့ သူတွေရှိတယ်၊ ခိုးရားခူ၊ ဒေါတထောကျေးရွာ ဘက်ဆို အကုန်မခုတ်ကြရသေးဘူး၊ အခြေအနေ ဒီလို ဖြစ်သွားတာပေါ့နော” လို့ ချိတ် ရောင်းဝယ်ရေးလုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ် အတွင်းမှာတော့ ချိတ် မွေးမြူသူရှိသလို သဘာဝချိတ်တွေကို ရှာဖွေ ရောင်းချသူတွေရှိပြီး အများစုဟာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဖြစ်ပါတယ်။

“ကျမတို့က အများအားဖြင့် စားဝတ်နေရေးအတွက် ဒီ ချိတ်တွေ ကိုပဲ အရမ်း အားကိုးရတာ၊ အဲ့ဒါကြောင့် ချိတ်တွေရောင်းပြီးတော့ ဆန်ဝယ်ဖို့ ဒါတွေပဲ လုပ်ရတာလေး” လို့ ဖရူဆို ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသထွက် ချိတ်တွေကိုတော့ တရုတ်ကုန်သည်ကနေ အများဆုံး ဝယ်ယူကြတာဖြစ်ပြီး ဒီးမော့ဆို၊ တောင်ငူကနေ တဆင့် တောင်ကြီးဘက်ကို ပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။

ယခင်နှစ် ချိတ် တစ်ပိဿာ ၅ သောင်း နှစ်ထောင်ကျပ်အထိ စျေးရရှိပြီး၊ ယခုနှစ်မှာတော့ ချိတ် အစို တစ်ပိဿာ ၂၅,၀၀၀ ကျပ်၊ အခြောက် တစ်ပိဿာ ၃၇,၀၀၀ ကျပ်သာ စျေးရှိနေပါတယ်။

လတ်တလော ချိတ် စျေးနှုန်း ကျဆင်းနေတာဟာ တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်နေတာကြောင့်ဖြစ်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

ဖရူမှာ ဒေသထွက် ကုန်တွေက အမျိုးမျိုးရှိပေမယ့် ချိတ်လုပ်ငန်းကိုလည်း စားဝတ်နေရေးအတွက် နှစ်စဉ် လုပ်ကိုင်နေသူတွေ ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ