spot_img
13.3 C
Loikaw
Thursday 27, November 2025
spot_img
Homeသတင်းစစ်ရေးအခြေအနေအရ လမ်းတွေပိတ်ထားတာကြောင့် ပြောင်းဖူးရောင်းမရမှာကို လွိုင်ကော်ပြောင်းစိုက်တောင်သူတွေ စိုးရိမ်

စစ်ရေးအခြေအနေအရ လမ်းတွေပိတ်ထားတာကြောင့် ပြောင်းဖူးရောင်းမရမှာကို လွိုင်ကော်ပြောင်းစိုက်တောင်သူတွေ စိုးရိမ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှာ လတ်တလော စစ်ရေးအခြေအနေအရ သွားလာရေး လမ်းကြောင်းတွေ ပိတ်နေတာကြောင့် ပြောင်းစိုက်တောင်သူတွေဟာ ပြောင်းဖူးတွေကို ဝယ်သူမဲ့ပြီး ရောင်းမထွက်မှာကို စိုးရိမ်နေကြပါတယ်။

“အထူးသဖြင့် ပြောင်းချိုးရမယ့်အချိန်မှာ ပြောင်းစျေးတွေမရှိတော့တာပဲ ပြောင်းမရောင်းရမှာ ပြည်သူတွေ စိုးရမ်နေတယ်ပေါ့ လက်ရှိကတော့”လို့ လွိုင်ကော်မြို့နယ် ဒေသခံ ပြောင်းစိုက်တောင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

လတ်တလောမှာ လွိုင်ကော်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပြီး လမ်းကြောင်းတွေ ပိတ်နေတယ်လို့ဆိုပါတယ်။

ယခင်နှစ်မှာ ပြောင်း တစ်ပိဿာ ၁၀၀၀ ကျပ်ကျော်ရှိပြီး၊ ဒီနှစ်မှာတော့ ဒေသတွင်းမှာ တစ်ပိဿာကို ၈၀၀ ကျပ်သာ ရှိလို့ အရှုံးပေါ်နေတယ်လို့လည်း တောင်သူတစ်ဦးက ပြောပါတယ်။

ကုန်းလမ်းပိတ်ဆို့ခြင်းကြောင့် တောင်သူတွေရဲ့သီးနှံတွေကို ရောင်းချဖို့ ခက်ခဲနေပြီး ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ