spot_img
11.1 C
Loikaw
Friday 28, November 2025
spot_img
Home၂၀၂၅ ရွေးကောက်ပွဲလွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ ကြိုတင်မဲပေးရန် အတင်းအကြပ် စေခိုင်းခြင်းခံရ

လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ ကြိုတင်မဲပေးရန် အတင်းအကြပ် စေခိုင်းခြင်းခံရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/အကျဉ်းသားတွေဟာ ပြီးခဲ့ စက်တင်ဘာလတုန်းက ကြိုတင်မဲပေးဖို့ အတင်းအကြပ် စေခိုင်းခြင်းခံရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) က ပြောပါတယ်။

စစ်ကော်မရှင်တပ်က နိုင်ငံရေးကို ရွေ့ကစားနိုင်ဖို့အတွက် အကျဉ်းသားတွေဟာ အသုံးချခံဖြစ်သွားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ရဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“အကျဉ်းထောင်ထဲမှာက အခု စစ်ကော်မရှင်ရဲ့ လက်အောက်မှာ လူ့အခွင့်အရေးဆိုတာ မရှိဘူး။ အကျဉ်းသား အခွင့်အရေးဆိုတာလည်း မရှိတော့ဘူးလေနော်။ ရှင်းရှင်းပြောရရင် ဒီလို သတင်းမီဒီယာတွေမှာ ဖော်ပြခြင်းမရှိပဲ တိုတိုဝှက်ဝှက် လုပ်ထားတဲ့ ဒီအကျဉ်းထောင်အတွင်း အကျဉ်းသားတွေ မဲပေးခိုင်းတယ် ဆိုတဲ့အဓိပ္ပါယ်က ဘာလဲဆိုရင် သူတို့နိုင်ငံရေး ရွေ့ကစားဖို့အတွက် အသုံးချဖို့အတွက်ပဲ ဖြစ်တယ်” လို့ KPPA ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အခုလို အကျဉ်းသားတွေကို အတင်းအကြပ် မဲပေးစေခိုင်းခြင်းဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း မနေ့က နိုဝင်ဘာလ ၂၅ ရက်နေ့ KPPA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်က လွိုင်ကော်အကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား စုစုပေါင်း (၇၀၀) ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ