spot_img
15 C
Loikaw
Thursday 27, November 2025
spot_img
Homeသတင်းမလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဖရူဆိုလူငယ်တစ်ဦး နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် သေဆုံး

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဖရူဆိုလူငယ်တစ်ဦး နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ လျားဒူကျေးရွာဇာတိနေ အဖ ဦးထျရု၊ အမိ ဒေါ်ပိုးမာ တို့ရဲ့ သားကြီး ဖြစ်သူ ( ခူးပကူး) အသက် (၃၀) ဟာ မလေးရှားနိုင်ငံမှာ ၇ နှစ်ဝန်းကျင်အကြာ သွားရောက် အလုပ်လုပ်ကိုင်နေရင်း နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကနေ သိရှိရပါတယ်။

“လုပ်ငန်းခွင်ကနေ သူပြန်လာတော့ ပင်ပန်းတာလား မသိဘူး၊ အဲ့ဒါနဲ့ သူအိပ်နေတာ။ နောက်နေ့က သူအလုပ်နားတာပေါ့၊ အခန်းမှာလည်း ဖျားတဲ့လူတွေ ရှိတယ်၊ သူက ရေခဏသွားဝယ်တာ။ သူပြန်လာတော့ ရုတ်တရက် တက်သွားတာလေး။ အဲဒါနဲ့ တခါတည်း ဆုံးသွားတာ။” သေဆုံးသွားသူ ခူးပကူးနဲ့ တခန်းတည်းအတူနေတဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ပြောပါတယ်။

ခူးပကူးရဲ့ ရောဂါဟာ ဆရာဝန်များရဲ့ ပြောကြားချက်အရ နှလုံးသွေးကြောပိတ် ဝေဒနာကြောင့် သေဆုံးသွားရခြင်း ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူက ဆက်ပြောပါတယ်။

ခူးပကူးဟာ သူ နေထိုင်ရာ မလေးရှားနိူင်ငံ ၊ မွားမြို့ ရှိ အဆောင်အတွင်းမှာ ၂၅-၁၁-၂၀၂၅ (အင်္ဂါနေ့) ညအချိန် (၉) နာရီ ၁၅ မိနစ်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ခူးပကူးရဲ့ ရုပ်အလောင်းကို မလေးရှားနိူင်ငံ Tangkak ဆေးရုံတွင် ထားရှိကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပြီး နာရေးအတွက် သူ့ရဲ့ မိသားစုဝင်များနဲ့ တိုင်ပင်ကာ ဈာပနအတွက် လိုအပ်ချက်တွေ ဆက်လက်စီစဉ်လုပ်ဆောင်နေတယ်လို့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူက ပြောပါတယ်။

ခူးပကူးဟာ မိသားစုရဲ့ စားဝတ်နေရေးအတွက် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မလေးရှားနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ