spot_img
25.2 C
Loikaw
Tuesday 2, December 2025
spot_img
Homeသတင်းဖရူဆိုက ဒေါစော်ဗြေစစ်ဘေးရှောင်စခန်းမှာ ဆောင်းအအေးဒဏ်ကြောင့် ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင်၊ အနွေးထည် လိုအပ်နေ

ဖရူဆိုက ဒေါစော်ဗြေစစ်ဘေးရှောင်စခန်းမှာ ဆောင်းအအေးဒဏ်ကြောင့် ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင်၊ အနွေးထည် လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ခြမ်းက ဒေါစော်ဗြေစစ်ဘေးရှောင်စခန်းမှာ ဆောင်းအအေးဒဏ် ပိုမိုခံစားရတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင် ၊ အနွေးထည် လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျမတို့နေတဲ့ နေရာက တခြားရွာ၊ တခြား စစ်ရှောင်တွေထက် ပိုအေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နေတာက တောင်ပေါ်ဖြစ်လို့ လေလဲ အရမ်းတိုက်တယ်။ အခု ဆောင်းအေးလာတော့ သူများထက်ပိုအေးတော့ သက်ကြီးရွယ်အိုနဲ့ကလေးတွေက မခံနိုင်ဘူး၊ အရမ်းအေးတယ်။ သူတို့ မီးဘေးမှာဘဲ အမြဲမီးလှုံနေရတယ်”လို့ သူက ပြောပါတယ်။

ဖရူဆိုအရှေ့ခြမ်းမှာ ဒေသတွင်း အခြေအနေ အမျိုးမျိုးကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် စစ်ဘေးရှောင်တွေသွားလာရတာ အဆင်မပြေတဲ့အတွက် စောင်၊ အနွေးထည် ဝယ်ယူရရှိနိုင်ဖို့ ခက်ခဲနေကြတာပါ။

လက်ရှိမှာတော့ ဆောင်းအအေးဒဏ် စတင်လာတာ ရက်သတ္တပတ်အကြာမှာပဲ ရှိနေသေးပေမယ့် ပြီးခဲ့တဲ့နှစ်ထက် အအေးပိုတာကြောင့် ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် အနွေးဓတ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

“လိုအပ်ချက်ကတော့ စောင်၊ အနွေးထည်၊ ခြေအိတ်၊ ရေနွေးအိတ်၊ ဦးထုပ်တို့ လိုအပ်တာပေါ့၊ သူတို့မှာ မရှိတော့ ဖျားနာမှုတချို့ရှိလာတယ်၊ ကိုက်ခဲကြတယ်၊ ဆေးဝါးလည်း လိုအပ်လာတယ်။”လို့ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ဆောင်းအအေးဒဏ်ကို အန်တုဖို့ စောင် ၊ အနွေးထည် လုံလောက်မှုမရှိတဲ့အပြင် သက်ကြီးရွယ်အိုတွေဟာ ဖျားနာတာ၊ ကိုက်ခဲမှုတွေကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ခြမ်းက ဒေါစော်ဗြေ စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၁၄၂ အိမ်ရှိပြီး၊ လူဦးရေ ၅၀၀ ကျော်ရှိပါတယ်။ အဲ့ဒီထဲ ကလေးနဲ့ သက်ကြီးရွယ်အိုလူဦးရေ ၂၀၀ ကျော်ရှိသလို မသန်စွမ်း ၁၁ ဦး ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ