spot_img
17.7 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမှာ မြေပြင်နှစ်ဖက် ထိတွေ့မှုတွေ နေ့စဥ် ရှိနေ

ဒီးမော့ဆိုမှာ မြေပြင်နှစ်ဖက် ထိတွေ့မှုတွေ နေ့စဥ် ရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့အကြား မြေပြင် ထိတွေ့တိုက်ပွဲတွေ နေ့စဥ် ရှိနေတယ်လို့ မြေပြင်တော်လှန်ရေးရဲဘော် တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တိုက်ပွဲက ကြီးကြီးမားမားရယ်လို့တော့ မရှိဘူး။ ဒါပေမဲ့ နေ့စဥ်လိုလိုတော့ ထိတွေ့မှုတွေရှိနေတယ်။ “ လို့ မြေပြင်တော်လှန်ရေးရဲဘော် တစ်ဦးက ဆိုပါတယ်။

အဆိုပါ နေ့စဥ် နှစ်ဖက်ထိတွေ့မှုတွေမှာလည်း နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဒေါငံခါး တိုက်ပွဲအတွင်းမှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်း အမှတ် ၆၂၆ က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပါတယ်။

“အဲ့ရဲဘော်က ကင်းထောက်အပြန်မှာ ကျသွားတာပါ။”လို့ ကလလတ တပ်ရင်း အမှတ် ၆၂၆ ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကော်မရှင်တပ်ဖက်က ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် အသေးစိတ်ကိုတော့ အတည်မပြုနိုင်ဘူးလို့ အဆိုပါ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

လတ်တလော မြေပြင်တိုက်ပွဲ တွေမှာ စစ်ကော်မရှင် တပ်က လေကြောင်းတိုက်ခိုက်မှုထက် ဒရုန်းနဲ့ လက်နက်ကြီးကို ပိုမို အသုံးပြုနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ