spot_img
29.9 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကရင်နီမှာ တစ်လအတွင်း အရပ်သား ၃ ဦးသေဆုံး

စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကရင်နီမှာ တစ်လအတွင်း အရပ်သား ၃ ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ကရင်နီမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာတစ်လအတွင်း အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) အဖွဲ့ဆီကနေ သိရပါတယ်။

သေဆုံးခဲ့သူတွေထဲ စစ်မကော်ရှင်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆေးကုသရင်း တစ်လခွဲအကြာမှာ သေဆုံးခဲ့တာလည်း ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ဖရူဆိုဖက်မှာ ဒရုန်းထိခိုက်တဲ့ ဖြစ်စဥ်က နိုဝင်ဘာလ ၂၆ ရက်နေ့ဆိုပေမဲ့ ဒီဇင်ဘာလအတွင်းမှာ သေတာ။ ဆေးကုသရင်းနဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဆုံးသွားတာ။”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ သေဆုံးခဲ့သူတွေဟာ လက်နက်ကြီးကြောင့် ၁ ဦး၊ မီးလောင်မှုကြောင့် တစ်ဦး နဲ့ ဒရုန်းထိခိုက်မှုကြောင့် ၁ ဦး စုစုပေါင်း အမျိုးသား ၃ ဦးဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က ဖရူဆို မြို့နယ် အတွင်းက စပါးရိတ်သိမ်းနေစဥ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ မှာ ယာဥ်တစ်စီး မီးလောင်ပျက်စီးမှုအတွင်း အလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး ကျန်တစ်ဦးမှာတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် သေဆုံးမှုတွေအပြင် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်းမှာလည်း ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း အရပ်သား သေဆုံးသူ ၁၂၇ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ