spot_img
23.5 C
Loikaw
Wednesday 7, January 2026
spot_img
Homeသတင်းပြည်သူတွေ ထုဆစ်ပုံဖော်နေတဲ့ နိုင်ငံရေးစနစ်ဟာ အနာဂတ်နိင်ငံတော်မှာ ငြမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး အုတ်မြစ်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ လွှတ်တော်ဥက္ကဌ ဆို

ပြည်သူတွေ ထုဆစ်ပုံဖော်နေတဲ့ နိုင်ငံရေးစနစ်ဟာ အနာဂတ်နိင်ငံတော်မှာ ငြမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး အုတ်မြစ်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ လွှတ်တော်ဥက္ကဌ ဆို

-

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူလူထုတွေ ထုဆစ် ပုံဖော်နေတဲ့ နိုင်ငံရေး စနစ်ဟာ အနာဂတ် နိုင်ငံတော် ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ အုတ်မြစ် ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ လွတ်တော် ဥက္ကဌ (KSIP)က ၂၀၂၆ခုနှစ်ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

“ပြည်သူတွေ ထုဆစ်ပုံဖော်နေတဲ့ နိုင်ငံရေးစနစ်ဟာ အနာဂတ်နိင်ငံတော်မှာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး အုပ်မြင့် ဖြစ်တယ်။ အဲဒီလို နိုင်ငံရေး စနစ်တည်ထောင်ဖို့ ကြိုးစားမှုတွေကို အကြမ်းဖက် ဖျက်စီးနေတဲ့ စစ်အာဏာ ရှင်ကို တော်လှန်တိုက်ပွဲဝင်နေတာလည်း ဖြစ်တယ်။ လက်ရှိ မျိုးဆက်များ အကျိုးစီးပွားတခုထဲ တွက် ရည်ရွယ်နေတာ မဟုတ်ပါဘူး။ အနာဂတ်မျိုးဆက်သစ်များ ကြောက်ရွံ့ခြင်း ကင်းစွာ အာမခံနိုင်တဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တယ်” လို့ ကရင်နီပြည် ကြားကာလ လွတ်တော် (KSIP) ဥက္ကဌ ဦးဌေးအောင်က ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေ အပါအဝင် နိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ ပြည်သူ လူထုတွေအနေနဲ့ ယခုနှစ်သစ်မှ စပြီး ပြည်သူ့ တော်လှန်ရေး ခရီးကို မလျော့သော ဇွဲဖြင့် အတူ တကွ အားသွန် ခွန်စိုက် ဆုံးခန်းတိုင်အောင် ဆက်လက် ချီတက်သွားကြဖို့၊ လုံခြုံရေး အသိ၊ သတိနဲ့ အမြဲ နေထိုင်သွားလာကြဖို့ နဲ့ ပြည်သူ အချင်းချင်း ရိုင်းပင်း ကူညီကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပ ခဲ့ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) ကိုယ်စားလှယ်အများစုက ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာ နေရာ အများဆုံးအနိုင်ရရှိထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၂) ကိုတော့ လာမယ့် ဇန်နန်ဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပ သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ