spot_img
20.3 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Home၂၀၂၅ ရွေးကောက်ပွဲပြည်နယ်လွှတ်တော်မှာ ကယားပြည်နယ်ပြည်သူ့ပါတီက ကြံ့ခိုင်ရေးကိုမဲရှုံး

ပြည်နယ်လွှတ်တော်မှာ ကယားပြည်နယ်ပြည်သူ့ပါတီက ကြံ့ခိုင်ရေးကိုမဲရှုံး

-

ကန္တာရဝတီတိုင်း (မ်)

ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ KySPP က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲရှုံးထားပြီး ဒုတိယနေရာမှာ နေရာမှာရှိနေတာကို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဇန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန် ချက်အရ တွေ့ရပါတယ်။

လွိုင်ကော်မြို့မှာ မဲဆန္ဒရှင်ကပေးတဲ့ မဲရုံမဲ ၂၇၈၀၆ မဲ၊ ကြိုတင်မဲ ၄၂၃၃ မဲ နဲ့ မဲအရေအတွက် စုစုပေါင်း ၃၂၀၃၉ မဲရှိရာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးမော်ရယ်က ၁၅၈၀၀ မဲနဲ့ အနိုင်ရထားပါတယ်။
ကယားပြည်နယ်ပြည်သူ့ပါတီက ကိုယ်စားလှယ် ဦးကိုကိုဦးက မဲအရေအတွက် စုစုပေါင်း ၁၀၆၀၅ မဲနဲ့ ဒုတိယနေရာမှာ ရထားပါတယ်။

ဘောလခဲမြို့မှာတော့ ကြိုတင်မဲပေးသူ ၁၃၄၄ မဲ၊ မဲရုံမဲ ပေးသူ ၄၀၈ မဲ နဲ့ မဲအရေအတွက် စုစုပေါင်း ၁၇၅၂ မဲရှိရာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးစိုးရယ်က ၁၆၀၁ မဲနဲ့ အပြတ်အသတ် အနိုင်ရရှိထားပါတယ်။

ကယားပြည်နယ်ပြည်သူ့ပါတီက ကိုယ်စားလှယ် စောဒယ်နီယယ် ကတော့ ၉၆ မဲနဲ့ ဒုတိယနေရာရထားပါတယ်။

ကယားပြည်နယ်ပြည်သူ့ပါတီ KySPP က စစ်ကော်မရှင်ကျင်းပမဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာပဲ နိုင်ငံရေး ပါတီမှတ်ပုံတင်ထားခဲ့တာပါ။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၁)မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သန်းကျော်(၁၁,၆၉၂,၁၄၄ ဦး)ရှိပြီး မဲလာရောက်ပေးခဲ့သူ ခြောက်သန်းကျော် (၆,၀၉၅,၅၁၁ ဦး) ရှိခဲ့တာကြောင့် ၅၂ ဒဿမ ၁၃ ရာခိုင်နှုန်းက မဲပေးခဲ့တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ