Homeသတင်းလက်နက်ကြီးကြောင့် ဖယ်ခုံအနောက်ခြမ်းက ဒေသခံအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

လက်နက်ကြီးကြောင့် ဖယ်ခုံအနောက်ခြမ်းက ဒေသခံအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း – ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတရွာအတွင်းကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီးတဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ရင်းကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်လာတယ်လို့ ဒေသခံ အမျိုးသမီးတဦးက အခုလို ပြောပါတယ်။

“မနေ့က ( ဇန်နဝါရီလ ၈ ရက်နေ့) ညပိုင်းက (၉)နာရီ ဝန်းကျင်လောက်မှာ (၂) ချက်ကြားရတယ်” လို့ အဆိုပါ ဒေသခံအမျိုးသမီးက ပြောပါတယ်။

လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတနေရာမှာ စစ်ကော်မရှင်နဲ့ PNO တို့ရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့ အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ