Homeသတင်းကရင်နီအမျိုးသားကောလိပ်( KnNC ) ရေရှည်တည်မြဲဖို့ အားလုံးမှာ တာဝန်ရှိကြောင်း ကျောင်းတာဝန်ခံဆို

ကရင်နီအမျိုးသားကောလိပ်( KnNC ) ရေရှည်တည်မြဲဖို့ အားလုံးမှာ တာဝန်ရှိကြောင်း ကျောင်းတာဝန်ခံဆို

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီပြည်နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) တနေရာမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီအမျိုးသားကောလိပ် (KnNC) ဆက်လက် ရေရှည်တည်မြဲနိုင်ဖို့အတွက် အားလုံးမှာ တာဝန်ရှိကြောင်း ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ ပညာရေး ဌာန – ဌာနမှုးကြီးတဦး ဖြစ်သလို KnNC ကျောင်းတာဝန်ခံတဦးဖြစ်တဲ့ မော်မီးမြာက ပြောပါတယ်။

KnNC ကောလိပ်ကို စတင်တည်ထောင်ချိန်မှာ စေတနာ့ဝန်ထမ်း ဆရာမ (၂) ဦး နဲ့သာ စတင်ခဲ့တာဖြစ်ပြီး ကရင်နီအမျိုးသားတွေ ရှိနေသရွေ့ အဆိုပါကောလိပ်ကို လိုအပ်နေတဲ့အတွက် ရေရှည်တည်မြဲဖို့ အားလုံးမှာ တာဝန်ရှိကြောင်း KnNC နှစ်(၃၀) ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“လာမယ့်နှစ်တွေမှာလည်း အလှူရှင်တွေက ဘယ်လောက်ထိ ဆက်ပြီးတော့ ပံ့ပို့ပေးနိုင်ဦးမလဲဆိုတာ ကျမတို့ မသိနိုင်ဘူး။ အဲ့ကြောင့်မလို့ ဆက်လက် လည်ပတ်နိုင်ဖို့အတွက် ကျမတို့ ကရင်နီ အမျိုးသား ရှိနေသေးသရွေ့ ဒီကျောင်းကို လိုအပ်နေဦးမှာပါပဲ။ အဲ့ဒါကြောင့်မို့ ဒီကျောင်း ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ကျမတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီကျောင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ/မ တွေမှ မဟုတ်ဘူး။ ဒီကျောင်းမှာ ပြီးသွားတဲ့ ကျမ တို့ ကျောင်းသားဟောင်းတွေ အနေနဲ့လည်း တထောင့်တနေရာမှာပါဝင် နိုင်တာတွေ အများကြီး ရှိပါတယ်။ ငွေရေးကြေးရေး မဟုတ်ပဲနဲ့ ကျန်တဲ့ အခန်းကဏ္ဍတွေမှာ အများကြီး ပါဝင်ကူညီနိုင်တဲ့အရာတွေ အများကြီး ရှိပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။”လို့ မော်မီးမာ က ပြောပါတယ်။

KnNC ကျောင်းကနေ မွေးထုတ်ပေးလိုက်တဲ့ လူငယ်ပေါင်းများစွာထဲမှာ ယနေ့အချိန်ထိ ပြည်နယ်နှင့် လူမျိုးအတွက် အကျိုးပြုနေကြသူတွေရှိသလို၊ အသက်ပေးဆပ်သွားခဲ့ရတဲ့သူတွေ ရှိနေကြောင်းကိုလည်း သူမက ဆိုပါတယ်။

KnNC ကျောင်းကို ၁၉၉၅ ခုနှစ် Karenni Post Ten (KnPT)ဆိုတဲ့ နာမည် စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Karenni Leadership and Management Course (KLMC) ကျောင်းနှင့် ပူးပေါင်းက Karenni Community Colleage (KnCC)ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ညီလာခံမှာတော့ KnCC ကနေ Karenni National Colleage (KnNC) နာမည်နဲ့ ပြောင်းလဲကာ ယခုအချိန်ထိ ထူးချွန်တဲ့ ကျောင်းသား/သူတွေကို မွေးထုတ်ပေးနေဆဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ