Homeသတင်းဖရူဆိုမှာ စစ်ကော်မရှင် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်၍ လူနေအိမ်တစ်လုံးနှင့် စပါဂျီးမီးလောင် ပျက်စီး

ဖရူဆိုမှာ စစ်ကော်မရှင် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်၍ လူနေအိမ်တစ်လုံးနှင့် စပါဂျီးမီးလောင် ပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာနှင့် စစ်ဘေးရှောင်ဘက်ကို စစ်ကော်မရှင်တပ်က မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတဲ့ မနက်ပိုင်းမှာပဲ ဒရုန်းနဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်လာခဲ့ပြီး လူနေအိမ်တစ်လုံးနဲ့ စပါးဂျီတစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီး ဘယ်နှစ်လုံးကျလဲဆိုတာ အတိအကျတော့ မသိဘူး၊ လူနေအိမ်တစ်လုံးနဲ့ စပါးဂျီတစ်လုံးတော့ မီးလောင်သွားတယ်” လို့ ဖရူဆိုဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း လူထိခိုက်သွားတာ မရှိပေမယ့် နေအိမ်နဲ့ စပါးဂျီ မီးလောင်သွားပြီး မြေပဲ၊ စပါး နဲ့ ချိတ် မီးလောင်ပျက်စီးသွားပြီး မွေးမြူထားတဲ့ ဝက်သုံးကောင် သေဆုံးသွားတယ်လို့ သိပါတယ်။

“ဝက်သုံးကောင်​သေသွားတယ်၊ ချိတ် သိန်း ၄၀ ဖိုးနဲ့ မြေပဲ၊ စပါးတွေ တန်ဖိုးတော်တော် ရှုံးသွားတယ်၊ ဒရုန်းနဲ့ကျဲတယ်၊ လက်နက်ကြီးလည်း အများကြီးပစ်တယ်” လို့ နောက်ထပ် ဖရူဆိုဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ ဖရူဆိုမှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့ ကရင်နီပြည်မှာ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် ပါဝင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ