spot_img
14.8 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းနွားကျောင်းရင်း အသတ်ခံရတဲ့ အမျိုးသမီးအမှုမှာ သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း KSP ပြော

နွားကျောင်းရင်း အသတ်ခံရတဲ့ အမျိုးသမီးအမှုမှာ သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း KSP ပြော

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က နွားကျောင်းနေရင်း အသတ်ခံရတဲ့ အမျိုးသမီးအမှုမှာ သတ်ဖြတ်သူအဖြစ် သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကရင်နီပြည် ရဲတပ်ဖွဲ့ ( KSP ) ရဲ့ တာဝန်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဟုတ်ပါတယ်။ သံသယရှိသူကို ကျနော်တို့ ဖမ်းဆီး စစ်ဆေးမှု လုပ်နေတယ်။ စစ်ဆေးနေဆဲမို့ အမှုတစုံတရာ အခြားအခြေအနေကို ပြောလို့ အဆင်မပြေသေးပါဘူး။”လို့ ကိုဘိုဘိုက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အဆိုပါ ဖမ်းဆီးမိတဲ့ သံသယရှိသူဟာ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ ကဖြစ်ပြီး ရဲ CDM တစ်ဦးဖြစ်တယ်လို့လည်း လူမှုကွန်ယက်မှာ ဖြန့်ဝေထားတာရှိပေမယ့် အတည်မပြုနိုင်သေးပါဘူး။

အသတ်ခံရတဲ့ အမျိုးသမီး ဟာ အသက် ၄၅ နှစ်အရွယ် ဒေါ်ပိုင်ဖြစ်ပြီး ဝမ်းဗိုက်မှာ ဓားနဲ့ ထိုးခံထားရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

အသတ်ခံရသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေက အမှုမှန် ပေါ်ပေါက်ဖို့ နဲ့ တရားမျှတမှုရှိဖို့ မျှော်လင့်ထားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ