spot_img
14.8 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဖရူဆိုမှာ စစ်ကော်မရှင်တပ်က လူထုတွေကို ဒရုန်း နဲ့ ခပ်စိတ်စိတ် တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်နေကြ

ဖရူဆိုမှာ စစ်ကော်မရှင်တပ်က လူထုတွေကို ဒရုန်း နဲ့ ခပ်စိတ်စိတ် တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်နေကြ

-

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမှာ စစ်ကော်မရှင်တပ်က လူထုတွေ နေထိုင်တဲ့နေရာတွေကို ဒရုန်း နဲ့ ခပ်စိတ်စိတ် တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်နေကြပါတယ်။ မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ရွာအတွင်းကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ကြဲချပြီး လက်နက်ကြီးတစ်လုံးပါ ပစ်ခတ်လာတဲ့အတွက် နေအိမ် တစ်လုံးထိမှန်ပျက်စီးပြီး ဒရုန်းဗုံးသီး တစ်လုံးကတော့ မပေါက်ကွဲဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

“လက်နက်ကြီး တစ်လုံးပစ်တယ်၊ ဒရုန်းနဲ့ နှစ်လုံး ချတယ်၊ တစ်လုံးက မပေါက်ဘူး၊ လူထုနဲ့ နီးနီးလေးကျတာမပေါက်လို့ ပေါက်ရင်တော့ မလွယ်လောက်ဘူး” လို့ မျက်မြင်သက်သေ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကော်မရှင်က ဒရုန်းအသုံးပြုမှု ရှိနေဆဲဖြစ်ပြီး အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ဒရုန်းဗုံးကြဲမှုတွေ ခပ်စိတ်စိတ် လုပ်ဆောင်လာနေပြီး ထိခိုက်သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရရှိတာတွေအပြင် လူနေအိမ် ပျက်စီးတာတွေ ရှိလာတဲ့အတွက် စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

“လူထိတာတော့ မရှိဘူး၊ လူနေအိမ် ထိခိုက်ပျက်စီးတာတော့ ရှိတယ်၊ ပြီးခဲ့တဲ့ အပတ်မှာလည်း ကြက်သွန်ခင်းမှာ နှစ်လုံးကြဲသေးတယ်၊ ဆောင်းသီးနှံ စိုက်ပျိုးကြတာရှိတော့ အခုလို ဒရုန်းနဲ့ ကြဲတာမျိုးဖြစ်နေတော့ စိုးရိမ်နေရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း – ၂ ကျင်းပခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မှာလည်း ဒရုန်းဗုံးသီးကြောင့် ဖရူဆိုမှာ လူနေအိမ်တစ်လုံးနဲ့ စပါးကျီတစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ