spot_img
12.7 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းရှမ်းတောင်က ကျေးရွာတချို့ရှိ ဘုရားကျောင်း၊ စာသင်ကျောင်းပါ PNO ပြည်သူ့စစ်က ရွာလုံးကျွတ် ဖျက်ဆီးနေတယ်လို့ ဒေသခံတွေပြော

ရှမ်းတောင်က ကျေးရွာတချို့ရှိ ဘုရားကျောင်း၊ စာသင်ကျောင်းပါ PNO ပြည်သူ့စစ်က ရွာလုံးကျွတ် ဖျက်ဆီးနေတယ်လို့ ဒေသခံတွေပြော

-

ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ရေဖြူကျေးရွာနဲ့ ကယန်းလေးရွာကို စစ်ကော်မရှင် လက်အောက်ခံ ပအို၀်းပြည်သူ့စစ် PNO က အဆိုပါ ကျေးရွာအတွင်းက ဘုရားကျောင်း၊ စာသင်ကျောင်းအပါအဝင် ရွာလုံးကျွတ် လိုက်လံဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံလူထုတွေဆီကနေ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပအိုဝ်းကျေးရွာခံတွေကို PNO ပြည်သူ့စစ်က နေရပ်ပြန်ခိုင်းတာကြောင့် ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။
ရေဖြူကျေးရွာ၊ ကယန်းလေးကျေးရွာ အပါအဝင် နောင်ကျောအုပ်စုအတွင်းက ကျေးရွာအချို့ကိုတော့ လူနေအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်းပါ ဖျက်ဆီးပြီး မီးရှို့သွားတာမျိုး ရှိတယ်လို့ ဆိုပါတယ်။
“ရေဖြူနဲ့ ကယန်းလေးရွာ ၂ ရွာက၊ ရွာတဆက်တည်းပေါ့၊ ၂ရွာလုံးတော့ အဲ့လိုပဲ ပျက်ကုန်ပီ၊ ပြန်မနေကြရသေးဘူး၊ အနီးနားက ပအို့ဝ်ရွာတွေကတော့ အကုန်ပြန်နေကြပြီ”လို့ နောင်ကျောအုပ်စုအတွင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ရေဖြူကျေးရွာမှာတော့ အသစ်ဆောက်လုပ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းကို ဖျက်ဆီးထားသလို ရည်ရွယ်ချက်ရှိရှိ လူထုတွေကို တမင်နှိပ်စက်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်က ပြောပါတယ်။
“တမင်လုပ်တာလည်း ဖြစ်မယ်၊ စာသင်ကျောင်းဆိုလည်း အမိုးအကုန်ဖြုတ်တယ်၊ ယူပြန်ရောင်းပြီးတော့ ကာဗာနဲ့ လုပ်ကြတယ် အဲ့လိုပေါ့” လို့ အဆိုပါ မြေပြင်သတင်းအရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက နေရပ်ပြန်ကြည့်တဲ့ ရေဖြူကျေးရွာခံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို PNO က ဖမ်းဆီးသတ်ဖြတ်သွားတာလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ