spot_img
13.6 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းဖယ်ခုံစစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးနေတာကြောင့် ပြန်ကြသူတွေရှိတယ်လို့ ဆို

ဖယ်ခုံစစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးနေတာကြောင့် ပြန်ကြသူတွေရှိတယ်လို့ ဆို

-

ကန္တာရဝတီတိုင်း ( မ် )

ဒေသတွင်းတိုက်ပွဲတွေကြောင့် နီးစပ်ရာမြို့နယ်တွေမှာ တိမ်းရှောင်ကြတဲ့ ဖယ်ခုံဒေသခံတွေကို နေရပ်ပြန်ဖို့ ဖိအားပေးမှုတွေရှိနေပြီး ပြန်ကြရသူတွေရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း ( PYO ) ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းက စစ်ကော်မရှင် နဲ့ PNO ပြည်သူ့စစ် ထိန်းချုပ်တဲ့နယ်မြေတွေမှာ တိမ်းရှောင်ကြတဲ့ လူထုတွေကို ရွေးကောက်ပွဲကာလအတွင်း နေရပ်ပြန်ခိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကော်မရှင်ရွေးကောက်ပွဲ ကာလမှာ စစ်ရှောင်တွေ နေရပ်ပြန်တာတွေ ရှိလာတယ်။ ဖယ်ခုံဖက်က စစ်ရှောင်တွေဆို ပြန်သွားကြတာရှိတယ်။ အဓိကကတော့ စစ်ကော်မရှင်နဲ့ PNO တို့ရဲ့ ဖိအားပေးမှုတွေကြောင့်ပါပဲ။” လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရှမ်း – ကရင်နီနယ်စပ်က ဖယ်ခုံဒေသခံတွေအပြင် ကရင်နီ စစ်ဘေးရှောင်တွေဟာ ရှမ်းပြည်တောင်ပိုင်းက ညောင်ရွှေ ၊ အေးသာယာ ၊ တောင်ကြီး ၊ ဆီဆိုင်မြို့နယ် စတဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။ ဖိအားပေးမှုတွေကြောင့် ဖယ်ခုံမြို့နယ်မှာ နေရပ်ပြန်လာကြသူတွေ ရှိပေမယ့် မပြန်ရဲကြသူလည်း ရှိတယ်လို့ ဖယ်ခုံဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

“ဖယ်ခုံမှာက ပြန်နေတဲ့သူတွေရှိတယ်။အစကတည်းက မရှောင်တဲ့သူလည်းပါမယ်။ ရှောင်ပြီး ပြန်လာတာလည်း ပါကောင်းပါမယ်။”လို့ ဖယ်ခုံဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။

ဖယ်ခုံမြို့ပေါ်ကို စစ်ကော်မရှင်တပ် ထိန်းချုပ်ထားပြီး လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ( ၃ ) ကို ကျင်းပသွားမှာဖြစ်တာကြောင့် နေရပ်ပြန်လာပြီး မဲပေးဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ အတွက် ဖယ်ခုံမြို့ပေါ်က ရပ်ကွက် ၊ ကျေးရွာအုပ်စုတွေမှာ မဲရုံ (၁၂)ရုံ ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ကြိုတင်ဆန္ဒမဲလက်မှတ် ၊ မဲပုံး တွေကို ထားရှိနေပြီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ