spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမှာ ငလျင်ငယ် လှုပ်ခတ်ခဲ့

ဒီးမော့ဆိုမှာ ငလျင်ငယ် လှုပ်ခတ်ခဲ့

-

ကန္တာရဝတီတိုင်း (မ်)

ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀နာရီ ဝန်းကျင်မှာ ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ငလျင်ငယ် တခုလှုပ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်တယ်။ ငလျင်လှုပ်သွားတာ ခါတော့ခါပါတယ်ဆို ငလျင်မှန်း လှုပ်တာတောင် သတိမထားမိလိုက်ဘူး” လို့ ဒီးမော့ဆိုဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ သေးငယ်တဲ့ ငလျင်က မကြာခဏလှုပ်ခတ်လျက်ရှိပြီး ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ရက်နေ့ ငလျင်ကြီးအပြီး ထပ်မံလှုပ်ခတ်တဲ့ နောက်ဆက်တွဲငလျင်က တုန်ခါမှုပိုများခဲ့တယ်လို့ ပြောပါတယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာအပြင်၊ အိမ်နီးချင်းထိုင်းနိုင်ငံအထိပါ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်း ပြတ်ရွေ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဒီးမော့ဆိုမှာ အခုလို ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်လျက်ရှိနေတာပါ။

ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်တာက ဒီးမော့ဆိုမှာ ၅ ကြိမ်ထက်မနည်း ရှိနေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဖရူဆိုမြို့နယ် တို့မှာ အဆောက်အဦးတချို့ ပြိုကျမှုတွေဖြစ်ခဲ့ပြီး တချို့အဆောက်အဦးတွေက အခုချိန်ထိ ဒေသခံတွေပြန်လည် ပြုပြင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ယမန်နေ့ တနေ့ထဲမှာ မန္တလေးတိုင်း၊ ပုဂံမြို့မှာ ငလျင်လှုပ်ခတ်ခဲ့တယ်လို့လည်း သတင်းတွေကဖော်ပြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ