spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဆိုမိုဖေစိုးလေး မြို့နယ်မှာ ဖြစ်ပွားတဲ့ အရေပြားရောဂါအတွက် ဆေးဝါးတွေမရသေး

ဆိုမိုဖေစိုးလေး မြို့နယ်မှာ ဖြစ်ပွားတဲ့ အရေပြားရောဂါအတွက် ဆေးဝါးတွေမရသေး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဖြစ်ပွားနေကြတဲ့ အရေပြားရောဂါအတွက် လက်ရှိအချိန်ထိ ဆေးဝါးတွေမရသေးဘူးလို့ ကျန်းမာရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

“ဒီတစ်ခေါက်ဆေးဝါးတွေ တစ်ကယ် လုံးဝ ပြတ်လပ်သွားတယ် အလှူရှင်တွေလည်း အရင်နှစ်လိုမျိုးမဟုတ်ဘူး” လို့ ကျန်းမာရေးတာဝန်ခံတစ်ဦးကပြောပါတယ်။

နှစ်စဉ်နွေရာသီရောက်ရင် အရေပြားရောဂါဖြစ်ပွားသူ အရေအတွက်ပိုများတာကြောင့် ဆေးဝါးတွေကို လှူဒါန်းပေးဖို့ အကူညီတွေ တောင်းခံနေပါတယ်။
လက်ရှိမှာ အရေပြားရောဂါကို အသက် ၁၅ နှစ်အောက် ကလေးငယ်တွေအများစုမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

“အဖြစ်များဆုံး အခုလို နွေရာသီ စဝင်တော့မယ့် အချိန်တွေမှာပေါ့နော်။ နှစ်တိုင်းဆို နွေရာသီရောက်တိုင်း အရမ်းအဖြစ်များတယ်။အခုက ဆေးဝါးလည်း မလုံလောက်တော့ဘူး။ အခုအချိန်က စပြီး ဖြစ်များပြီဆိုတော့ အလှူရှင်တွေ ဆေးဝါးတွေ ပိုလိုအပ်လာတယ်” လို့ ကျန်းမာရေးတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

တော်လှန်ရေးကာလ ကြာမြှင့်လာတာနဲ့အမျှ အလှူရှင်တွေ ရှားပါးလာတဲ့အတွက် ဆေးဝါးအခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပိုမို ရင်ဆိုင်နေရတယ်လို့ ကျန်းမာရေးဆောင်ရွက်သူတွေက ပြောပါတယ်။ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်ဟာ စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေ ဖြစ်ပေမယ့်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆရာဝန်ကို မထားရှိနိုင်သေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ