spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလောပိတမြို့မှာ စစ်ကော်မရှင်တပ်က ရှောင်တခင် စစ်ဆေးမှု မကြာခဏ ပြုလုပ်နေ၊ ဖမ်းဆီးခံရသူတွေရှိနေတယ်လို့ ဆို

လောပိတမြို့မှာ စစ်ကော်မရှင်တပ်က ရှောင်တခင် စစ်ဆေးမှု မကြာခဏ ပြုလုပ်နေ၊ ဖမ်းဆီးခံရသူတွေရှိနေတယ်လို့ ဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်၊ လောပိတမြို့ရဲ့ အဝင်အထွက်လမ်းတွေမှာ စစ်ကော်မရှင်တပ်က ရှောင်တခင် စစ်ဆေးမှုတွေ မကြာမခဏပြုလုပ်နေပြီး မသင်္ကာတဲ့ ဒေသခံတွေကိုလည်း ဖမ်းခေါ်သွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အစစ်ဆေးကတော့ နေ့တိုင်းတော့မရှိဘူး။ ရှောင်တခင်စစ်တာမျိုးပေါ့။ ပြောင်းဖူးတွေ တင်တဲ့ချိန်တော့ နေ့တိုင်းစစ်တယ်။ ကုန်တင်ကားကော ဆိုင်ကယ်ကော။ မနက်ပိုင်းစောင့်တာများတယ်။ ရွာထဲကတောင် (၃)ယောက်ခေါ်သွားသေးတယ်။ အခုထိ ပြန်မလွတ်လာသေးဘူး” လို့ လောပိတ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကော်မရှင် ဖမ်းခေါ်သွားတဲ့ ဒေသခံ (၃) ဦးဟာ မိုက်ကန်း ကျေးရွာကဖြစ်ပြီး အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၁)ဦး တို့ဖြစ်ပါတယ်။

အဆိုပါဒေသခံ (၃) ဦးနဲ့ အတူ ကုန်တင်ကား (၂) စီးကိုလည်းသိမ်းဆည်းခဲ့ပြီး ဘယ်ကို ခေါ်ဆောင်သွားလည်း ဆိုတာတော့ အတိအကျ မသိရဘူး လို့ လောပိတဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ လမ်းမပေါ် သွားလာနေတဲ့ ကုန်တင်ကားတွေကို လောပိတ အရှေ့ဘက်ကို ပေးမသွားဘဲ၊ တားဆီးစစ်ဆေးပြီး မသင်္ကာသူတွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

“အခုက ဒေသခံတွေ အရှေ့ဘက်ကို ခြံထဲသွားရင်တောင် အိတ်ထဲကအစ သေချာ စစ်ဆေးမှု တွေ လုပ်ဆောင်နေတယ်” လို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။

ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ် လောပိတမြို့ဟာ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒေသခံ အများစုက တောင်ယာ ၊ လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်ကြပြီး စစ်ရှောင်တချို့လည်း လာရောက်ခိုလှုံတာတွေ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ