spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖားဆောင်း ၊ သံလွင်တံတား အနီးနေရာကို စစ်ကော်မ‌ရှင်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် လူထုတွေ သွားလာရေး စိုးရိမ်

ဖားဆောင်း ၊ သံလွင်တံတား အနီးနေရာကို စစ်ကော်မ‌ရှင်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် လူထုတွေ သွားလာရေး စိုးရိမ်

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ၊ ဖား‌ဆောင်းမြို့နယ် သံလွင်တံတား ရှိရာ အနီးအနားကို စစ်ကော်မရှင်က ဖေဖော်ဝါရီလ (၄)ရက်နေ့ မနက် (၁၁)နာရီ ဝန်းကျင်အချိန်မှာ လေယာဉ်ဗုံးကြဲတာ၊ ဒရုန်း နဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“ပြောရမယ်ဆို‌တော့ အရင်လိုမျိုးတော့ သွားလို့မရတော့ဘူးပေါ့။ ပူပင်မှုတွေနဲ့ သွားရပြီး ဒရုန်းလဲ အမြဲတမ်းထောက်တယ်။ အမြဲတမ်းဝဲတော့ အချိန်မရွေး ဖြစ်သွားနိုင်တယ်ပေါ့။ အရင်လိုမျိုး ပေါ့ဆ လို့မရတော့‌ဘူးပေါ့။ ဖြစ်နိုင်ရင် အဲ့တံတားမှာတောင် မရပ်စေချင်တော့ဘူး တခါတည်း တံတားထိပ်ရောက်ရင် မောင်းပြေးပေါ့။” လို့ ခရီးသွားလာနေသူ တဦးက ပြောပါတယ်။

သံလွင်တံတား အနီးအနားကို စစ်ကော်မရှင်က လေယာဉ်နဲ့ ဗုံးအလုံးရေ ၉ လုံး ကြဲချခဲ့ပြီး မြို့တွင်း ခလရ (၁၃၅)တပ်ကနေ လက်နက်ကြီး ၆၀ မမ နဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများသွားရာလမ်းမ နဲ့ တံတားအနီးမှာ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ