spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမယ်စဲ့မြို့နယ်မှာ ငါးလျှော့တိုက်မှုတွေကို ထိရောက်စွာ တားဆီး ပိတ်ပင်သင့်တယ်လို့ ဒေသခံတွေပြော

မယ်စဲ့မြို့နယ်မှာ ငါးလျှော့တိုက်မှုတွေကို ထိရောက်စွာ တားဆီး ပိတ်ပင်သင့်တယ်လို့ ဒေသခံတွေပြော

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ မယ်စဲ့မြို့နယ်အတွင်းမှာ သဘာဝ သားငါးတိရစ္ဆာန်တွေ မျိုးတုံးစေနိုင်တဲ့ ငါးလျှော့တိုက်မှုတွေကို ထိရောက်စွာ တားမြစ် အရေးယူသင့်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

မယ်စဲ့မြို့နယ်အတွင်းက ကျေးရွာတချို့တွေမှာ ငါးလျှော့တိုက်မှုတွေ၊ တားမြစ်ထားတဲ့ ရှားပါး သားငါးတိရစ္ဆာန်တွေ သတ်ဖြတ်နေတာကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ လိုကြောင်း ဒေသခံ အမျိုးသား တဦးက အခုလို ပြောပါတယ်။

” ငါးလျှော့တိုက်တာ ပိတ်ပင်သင့်တယ်။ သဘာဝငါးတွေ မျိုးတုံးမယ့် ကိစ္စရပ်ဖြစ်တယ်။ ဒီမယ်စဲ့မြို့နယ်အတွင်းမှာလည်း လျှော့တိုက်နေကြတဲ့ သူတွေ ရှိတယ်။ ရဲဘော်တွေ ဖြစ်ပြီးတော့ ဒါတွေ မလုပ်ရဘူး။ ပိတ်ပင်သင့်တယ်။ ဘာညာပြောပြီးတော့ သူတို့ကိုယ်တိုင်ကလည်း အရင်ဆုံး ပြန်ပြီးတော့ ခိုးပြီး လျှော့တိုက်တာတွေ ရှိတယ်။ ဥပမာ သားရိုင်း သားငါးတိရစ္ဆာန် ဖြစ်တဲ့ နွားရိုင်း တို့ ဒေါင်းတို့ ရဲဘော်တွေ ကိုယ်တိုင်ကော ပြည်သူတွေ ကိုယ်တိုင်ကော သိကြတယ်။ ဒါပေမယ့် ထိထိရောက်ရောက် တားမြစ်တဲ့သူ မရှိဘူး။ ထိထိရောက်ရောက်တားမြစ်တဲ့သူတွေ ရှိရင်တော့ တမျိုးပိုကောင်းတယ်။ထိထိရောက်ရောက်တားမြစ်တဲ့သူတွေ မရှိတော့ ခိုးလုပ်နေကြတာတွေ ရှိတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒီလို တာဆီးပိတ်ပင်မှုတွေကို အစိုးရ ဖြစ်စေ ၊ သက်ဆိုင်ရာ အာဏာပိုင်တွေဖြစ်စေ တပြည်နယ်လုံး အတိုင်းအတာနဲ့ ထုတ်သင့်ပြီး ဘဘာဝ သမာရိုးကျ နည်းလမ်းတွေကိုသာ ခွင့်ပြုထားသင့်တယ်လို့ နောက်ထပ် ဒေသခံ အမျိုးသား တဦးက အခုလို ပြောပါတယ်။

“လျှော့တိုက်တာက ငါးတွေကို တကယ်ပဲ မျိုးတုံးနိုင်တယ်။ရေရှည်စားရမယ့်အရာက ခဏတာ တပွဲတိုး ပဲ ဖြစ်သွားတယ်။ လျှော့တိုက်တာကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်သင့်တယ်။ သမားရိုးကျ ငါးဖမ်းနည်းတွေပဲ အဆင်ပြေတယ်။စည်းကမ်းချက်တွေက ကျနော်ထင်တယ် တပြည်နယ်လုံး အတိုင်းအတာနဲ့ ထုတ်သင့်တယ်။ ဘာဖြစ်လို့လည်းဆိုရင် မြစ်ချောင်း အင်းအိုင်တွေလည်း များတယ်။ ပြီးတော့ စစ်ရှောင်တွေအတွက်ဆိုရင် သူတို့ရဲ့ မီးဖိုချောင်စရိတ်ကို သဘောဝ အသားငါးတွေ ရှာဖွေစားသောက်ကြတာ များတယ်။ဒီလို ခဏတာ လုပ်တဲ့ နည်းလမ်းနဲ့ ဆိုင်ရင် ရေရှည်အတွက် အကျိုးပြုနိုင်မယ့် နည်းလမ်းကို အစိုးရ တရပ်သော်လည်းကောင်း ၊ အာဏာပိုင် အဖွဲ့အစည်းတွေက သော်လည်းကောင်း သေချာ ကြပ်မတ်ပြီးတော့ စည်းကမ်း ထုတ်သင့်တယ်။ ချိုးဖောက်ရင်လည်း ဒဏ်ငွေ ရိုက်တာအစ လုပ်သင့်တယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက မယ်စဲ့မြို့နယ် ၊ ကျေးရွာတချို့တွေမှာ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က ငါးလျှော့တိုက်တာ ၊ ဆေးခပ် ငါးဖမ်းတာ တွေ့ရှိပါက ထိရောက်စွာ အရေးယူမှာဖြစ်ကြောင်း အသိပေးစာကို ကပ်ထားတာ တွေ့ရပါတယ်။

မယ်စဲ့မြို့နယ်ဟာ စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ခဲ့တာ (၂)နှစ်ကျော်ကာလ ရှိနေပြီ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ