spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖယ်ခုံမှာ စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး

ဖယ်ခုံမှာ စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်မြောက်ဖက်ခြမ်းက ကျေးရွာတစ်ရွာရဲ့ အပြင်ဖက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ခဲ့ပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ မနက် ၉ နာရီ မိနစ် ၃၀မှာ လက်နက်ကြီး ခန့်မှန်းချက် ၁၂၀ မမ ၂လုံးကျပါတယ်” လို့ အခြေနေကိုသိတဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

လက်နက်ကြီးကြောင့် ကျေးရွာခံအမျိုးသား တဦးထိခိုက်ပြီး တစ်ဦးသေဆုံးခဲ့တာလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယပတ်မှာလည်း မိုးဗြဲမြို့အနီးတစ်ဝိုက်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်‌ရေးတပ်တွေကြား နှစ်ဖက်ပစ်ခတ်မှုတွေလည်း ရှိခဲ့သလို စစ်ကော်မရှင်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရှမ်း – ကရင်နီနယ်စပ် အပြင် ကရင်နီပြည်မှာ ဖေဖော်ဝါရီလ ရက်သတ္တပတ်အတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာ ဆက်တိုက်လုပ်ဆောင်နေတာကိုလည်း သတင်းအချက်အလက်တွေအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ