spot_img
23.3 C
Loikaw
Wednesday 11, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအရှေ့ခြမ်းမှာ မီးအကြွင်းကျန်ကနေ ထပ်မံကူးစက်မှုရှိလာမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေ မီးငြိမ်းသတ်

ဒီးမော့ဆိုအရှေ့ခြမ်းမှာ မီးအကြွင်းကျန်ကနေ ထပ်မံကူးစက်မှုရှိလာမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေ မီးငြိမ်းသတ်

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အခြေစိုက်တဲ့ စစ်ကော်မရှင်တပ်ရင်း ခမရ (၄၂၇) ကနေ အနီးအနားက ကျေးရွာတွေရှိရာကို ကူးစက်လောင်ကျွမ်းလာတဲ့ တောမီးအကြွင်းအကျန်တွေ ကနေတဆင့် ထပ်မံ လောင်ကျွမ်းမှာကို စိုးရိမ်တာကြောင့် ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ မနက် အစောပိုင်းမှာ ဒေသခံတွေ မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နေ့လည် ၁၁ နာရီကျော်အချိန်မှာ ခမရ (၄၂၇) အနီးနားကနေ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ကူးစက်လာတဲ့ မီးအကြွင်းကျန်တွေကို ငြိမ်းသတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဒီမနက်က ရွာအနီးအနားတဝိုက်တွေ ပြီးတော့ အိမ်နီးနားတွေမှာ နည်းနည်း လောင်နေသေးတာတွေကို ရေနဲ့ ပြန်ငြိမ်းသတ်ခဲ့တယ်။ ရွာပတ်ပတ်လည် လိုက်စစ်ကြည့်ခဲ့ပြီး ပြန်လာခဲ့တယ်။ တကယ်လို့ မီးမသတ်ထားဘူးဆိုရင် နေမြင့်လို့ လေတိုက်ရင် ထပ်ပြီးတော့ လောင်မှာ စိုးရိမ်လို့ ” လို့ ဒေသခံတဦးက ပြောပါတယ်။

မီးငြိမ်းသတ်နေစဉ်အတွင်း စစ်ကော်မရှင်ဘက်က ဒရုန်းတွေနဲ့ ကင်းထောက်တာရှိပေမယ့် ဗုံးကြဲတာ ၊ လက်နက်ကြီးပစ်ခတ်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခမရ (၄၂၇) တပ်ရင်းကနေ ၂ ရက်ဆက်တိုက် တောမီး လောင်ကျွမ်းခဲ့ပြီး ဒေသခံတွေ မီးလိုက်လံငြိမ်းသတ်နေစဉ် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်မှုဖြစ်စဉ် ရှိခဲ့ပါတယ်။ ကရင်နီပြည်က နေရာအများစုမှာ နှစ်စဉ် နွေရာသီရောက်ရှိချိန်တိုင်း တောမီး ကူးစက်လောင်ကျွမ်းမှု ရှိနေတာကြောင့် ဒေသခံတွေဟာ တောမီးအန္တရာယ်မှ ကာကွယ်ဖို့ မီးတားလမ်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လေ့ကြပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ