spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတော်လှန်ရေးခရီး နောက်တဆင့်တက်ရောက်နိုင်ဖို့ ၂၀၂၁ ကလို တစုတစည်းတည်း သွားဖို့လိုကြောင်း KNDF စစ်ရေးချုပ်ပြော

တော်လှန်ရေးခရီး နောက်တဆင့်တက်ရောက်နိုင်ဖို့ ၂၀၂၁ ကလို တစုတစည်းတည်း သွားဖို့လိုကြောင်း KNDF စစ်ရေးချုပ်ပြော

-

ကန္တာရဝတီတိုင်း(မ်)

လက်ရှိတော်လှန်ရေးခရီးကနေ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်ကလို စိတ်ဓာတ်မျိုးတွေ ပြန်လည်မွေးမြူကြဖို့လိုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရတနာအားမာန် Lucky Drow ကံစမ်းမဲဖွင့်ပွဲ နဲ့ ကမ်ပိန်းပိတ်ပွဲ မှာ ပြောဆိုသွားခဲ့ပါတယ်။

တော်လှန်ရေးခရီး နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်တုန်းကလို အားသစ်၊ အင်သစ်တွေနဲ့ တစုတစည်းတည်း သွားကြဖို့လိုကြောင်းကို စစ်ရေးချုပ်က အခုလို ပြောသွားတာပါ။

“ဒီခရီးလက်ရှိမှာ ကျနော်တို့ သွားနေတဲ့ အခြေအနေကနေတဆင့် ဒီထက်ပိုပြီးတော့ နောက်တဆင့်ကို
တက်ရောက်နိုင်ဖို့အတွက်က ကျနော်တို့အားလုံးမှာ တခုလေးပဲလိုတယ်။ အဲ့ဒါကတော့ ၂၀၂၁ တုန်းကလိုမျိုး စိတ်ဓာတ်ရှိဖို့လိုတယ်လို့ ကျနော့်အနေနဲ့ မှတ်ချက်ပြုလိုတယ်။ ၂၀၂၁ တုန်းကလိုမျိုး စိတ်ဓာတ်တွေ အဲဒီတုန်းက အားသစ်၊အင်သစ်တွေနဲ့ ကျနော်တို့ လုပ်ဆောင်ကြမယ်။ အတူတူသွားကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ ရည်မှုန်းချက်တွေ ပန်းတိုင်တွေက တစုတစည်းတည်း ပြန်ထားကြမယ်ဆိုရင် သေချာတယ် ကျနော်တို့ နောက်တဆင့် တော်လှန်ရေးခရီးကို သွားတဲ့နေရာမှာ အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့ ကျနော်အနေနဲ့ ယုံကြည်တယ်” လို့ စစ်ရေးချုပ် ခူးရီးဒူ က ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာ စတင်သိမ်းယူတဲ့အချိန်မှာ တနိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူလူထုတွေဟာ တစုတစည်းတည်း၊ တသွေးတသံတည်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြ ကန့်ကွက် ဆန့်ကျင်ခဲ့ကြတာပါ။

ပြည်တွင်းမှာရှိနေတဲ့ ပြည်သူလူထုတွေ အခက်အခဲ စိန်ခေါ်မှုတွေ ပိုမိုများပြားလာတဲ့အချိန်မှာ ပြည်ပမှာ ရောက်ရှိနေကြတဲ့ လူထုတွေအနေနဲ့ စိတ်ဓာတ်မကျပဲ တော်လှန်ရေးကို ဆက်လက်အားပေးကြဖို့ကို လည်း KNDF ဥက္ကဌ ခွန်းဘီထူးက အဆိုပါပွဲမှာ အခုလို ပြောပါတယ်။

“ပြည်တွင်းမှာ ရှိနေတဲ့ လူတွေရဲ့ အခက်အခဲက ပိုပြီးတော့ ခက်ခဲပါတယ်။ စားဝတ်နေရေး ဗုံးကြဲဒဏ် တွေ တိုက်ပွဲကြားမှာပေါ့နော်။ ကျနော်တို့ ကျဆုံးမှုတွေ ထိခိုက်မှုတွေ ကျနော်တို့ ပြည်တွင်းကလူတွေခံနေရတဲ့အချိန်မှာ ပြည်ပက လူတွေကလည်း စိတ်ဓာတ်မကျပဲနဲ့ ဒီတော်လှန်ရေးကို ဆက်ပြီးတော့ အားပေးကြဖို့ ကျနော့်အနေနဲ့ တောင်းဆိုလိုတယ်” လို့ ဥက္ကဌ ခူးဘီထူးက ပြောပါတယ်။

တိုင်းပြည် အသစ် ၊ စနစ်သစ် တခုကို သွားနေဖို့ ကြိုးစားနေတဲ့အချိိန်မှာ လူငယ်တွေရဲ့ အားအင်က လွန်စွာအရေးပါကြောင်းကိုလည်း KNDF စစ်ရေးချုပ် ခူးရီးဒူက ဆိုပါတယ်။ တော်လှန်ရေးခရီး ၅ နှစ်ကျော် ကြာလာတာနဲ့အမျှ လူငယ်တွေဟာ ပြည်ပထွက်ခွာမှုနှုန်းတွေ ပိုမိုမြင့်မားလာနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် မိမိတို့ ရှိတဲ့နေရာမှာ တော်လှန်ရေးကို ဆက်လက်ပါဝင်ကြဖို့ကိုလည်း ခူးရီးဒူက တိုက်တွန်းသွားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ