spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ လက်နက်ကြီး ဗုံးသီးကွဲလို့ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ဒီးမော့ဆိုအနောက်ခြမ်းမှာ လက်နက်ကြီး ဗုံးသီးကွဲလို့ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း တစ်နေရာမှာ လက်နက်ကြီး မတော်တဆ ပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ဆောင်ရွက်ခဲ့သူတဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ မနက် ၈ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်ကိုတော့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။

ဓါတ်ပုံ – Henry April

“ဖြစ်စဥ်ကတော့ လက်နက်ကြီး ပေါက်ကွဲသံကြားတော့ ကျနော်တို့ကို အကူအညီလာတောင်းတာမျိုးပေါ့နော်။ ကျနော်တို့ကို အကူအညီလာတောင်းတော့ အဲ့တာ ဆေးရုံပို့ပေးတာပေါ့။ တစ်ယောက်ကျတော့ ပွဲချင်းပြီးတာပေါ့နော်။ နောက်တစ်ယောက်က တော်တော်လေး ဒဏ်ရာ ကြီးကြီးမားမားထဲမှာပါတယ်။ နောက်တစ်ယောက်တော့ အဲ့လောက်မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ဒီမနက် ပြန်ကြားတာတော့ ဒဏ်ရာပြင်းတဲ့တစ်ယောက်လည်း ဆုံးသွားပြီလို့ကြားတာပေါ့နော်။ “လို့ သူက ပြောပါတယ်။

အဆိုပါ ထိခိုက်သေဆုံးခဲ့သူတွေဟာ အမျိုးသားတွေဖြစ်ပြီး တဲအိမ်မှာ လက်နက်ကြီးကျည်ရဲ့ ဗုံးသီး စနက်တံကို ဖြုတ်ရာကနေ မတော်တဆ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့ရဲ့ အကူညီနဲ့ ဆေးရုံပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံမှာ ဆေးကုသမှုခံယူရင်း တဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေရဲ့ အသက်အရွယ် နဲ့ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ အဆိုပါ ကယ်ဆယ်ရေးလုပ်ဆောင်သူက ဖြည့်စွက်ပြောပါတယ်။

လက်နက်ကြီးလို ကျည်ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မိပါက အသက်အန္တရာယ်နဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တာကြောင့် သတိထားကြဖို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေး ထုတ်ပြန်ဖူးတာရှိပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ