spot_img
22.9 C
Loikaw
Tuesday 24, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်နန်းဖ အုပ်စုက စစ်ဘေးရှောင်တွေရဲ့ ဆောင်းသီးနှံခင်းတွေ အဖျက်ပိုးနဲ့ ရင်ဆိုင်ခဲ့ပြီး၊ နောက်နှစ်အတွက် မျိုးကောင်းမျိုးသန့် ရရှိဖို့ မျှော်လင့်နေ

လွိုင်နန်းဖ အုပ်စုက စစ်ဘေးရှောင်တွေရဲ့ ဆောင်းသီးနှံခင်းတွေ အဖျက်ပိုးနဲ့ ရင်ဆိုင်ခဲ့ပြီး၊ နောက်နှစ်အတွက် မျိုးကောင်းမျိုးသန့် ရရှိဖို့ မျှော်လင့်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်နန်းဖကျေးရွာအုပ်စုထဲက စစ်ဘေးရှောင်တွေဟာ အခုနှစ်မှာ တနိုင်တပိုင်အပြင် စီးပွားဖြစ် ဆောင်းသီးနှံစိုက်ပျိုးမှုကို လုပ်ကိုင်ကြသူတွေများနေပေမယ့် အဖျက်ပိုးနဲ့ ရင်ဆိုင်နေကြတယ်လို့ ဆိုပါတယ်။

“ဒီနှစ် ပိုးတအားဖျက်တယ်၊ ကျမတို့လည်း ဘာဆေးသုံးရမလဲ မသိဘူး၊ တခြား လိုက်မေးတာ ရေများများ ပက်ပေးလိုက် သူတို့ပြောတယ်၊ ရေမနိုင်လို့ ထင်တယ်ပေါ့နော၊ အဖြေက မသိဘူး ဖြစ်နေတယ်”လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်လူထု ၂သိန်းဝန်းကျင်ရှိနေတဲ့ ကရင်နီပြည်မှာ စစ်ဘေးရှောင်တွေရဲ့ အပိုဝင်ငွေရရှိဖို့၊ မီးဖိုချောင် အသုံးစရိတ်တွေလျော့ချနိုင်ဖို့အတွက် ဆောင်းသီးနှံတွေကို စိုက်ပျိုးလာကြတာပါ။ ဒါကြောင့်လည်း နောက်နှစ်စိုက်ပျိုးဖို့ ဆောင်းသီးနှံမျိုးစေ့တွေလိုအပ်နေကြတယ်လို့ဆိုပါတယ်။

“အကယ်၍ နောက်တစ်နှစ် ကိုယ့်ရွာ ကိုယ့်ဒေသ မပြန်ရရင်လည်း လုပ်တော့ လုပ်ရမှာပဲ၊ မျိုးစေ့တွေပေးမယ်ဆိုလည်း လုပ်ရမှာပဲ၊ ကျမတို့က တောင်သူလယ်သမားပဲ ရွာမှာလည်း ဒီတိုင်းပဲ အဲလိုပဲ စိုက်စားတာ”လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဆောင်းသီးနှံကို ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ် အစပ်က စစ်ဘေးရှောင် တွေလည်း စိုက်ပျိုးကြပြီး စိုက်ပျိုးမှုတွေ အောင်မြင်နေကြတာလည်းရှိပါတယ်။

လက်ရှိ လွိုင်နန်းဖအုပ်စုက စိုက်ပျိုးနေတဲ့ ဆောင်းသီးနှံတွေကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အပြင် အခြားသီးနှံဖြစ်တဲ့ မုန်ညင်း၊ ဆလပ်၊ နံနံပင်နဲ့ ပဲအမျိုးမျိုးတို့ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ