Homeသတင်းဖရူဆိုမြို့နယ်မှာ ခရီးသွားယာဥ် တစီးတိမ်းမှောက် ၊ လူထိခိုက်သေဆုံးမှုရှိ

ဖရူဆိုမြို့နယ်မှာ ခရီးသွားယာဥ် တစီးတိမ်းမှောက် ၊ လူထိခိုက်သေဆုံးမှုရှိ

-

ကန္တာရဝတီတိုင်း (မ်)

ယမန်နေ့ မတ်လ ၂ ရက်နေ့၊ မနက် ၉နာရီဝန်းကျင် အချိန်မှာ ဖရူဆိုမြို့နယ်အတွင်း ခရီးသွားလာနေတဲ့ ယာဉ်ကားတစီးတိမ်းမှောက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

အဆိုပါ ကားတိမ်းမှောက်မှုကြောင့် ခရီးသွားပြည်သူတဦး ပွဲချင်းပြီး သေဆုံးကာ ယာဉ်ပေါ်ပါလာတဲ့ (၁၀) ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင် တွေ့ရှိသူတဦးက ပြောပါတယ်။

“ ဖြစ်တာက (၉)နာရီလောက်ဖြစ်မယ်ထင်တယ်။ ကျနော်တို့ လမ်းမှာတွေ့တာတောင်မှ (၉)ခွဲ (၁၀)နာရီလောက်ပေါ့။ သူတို့က လူနာတင်တဲ့ကား အရင်သွားတယ်။ ဒဏ်ရာရတဲ့သူ ဒဏ်ရာပြင်းထန်တဲ့သူ တစ်ယောက် နှစ်ယောက်ပါမှာပေါ့။ ကားနှစ်စီးပေါ့ စိုးရိမ်ရတဲ့ တစ်စီး အရင်သွား နောက်တစီးကျတော့ dead body သယ်ဖို့ တစီးထပ်သွားတယ်။ ကျနော်တို့ဆက်သွားတော့ သူတို့ကားမှောက်တဲ့နေရာရောက်သွားတယ်။ ကားကတော့ ပက်လက်လှန်နေတုန်းပဲ။ တစ်ယောက်သေတယ်တဲ့ ဆယ်ယောက်ကျော်ဒဏ်ရာရတယ်တော့ ပြောတာပဲ။”လို့ သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲ ဒဏ်ရာပြင်းထန်သူလည်း ရှိခဲ့ပြီး ဆေးကုသမှုခံယူရင်း နောက်တဦး ထပ်မံ သေဆုံးသွားတယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသူတွေထဲ အမျိုးသား ၊ အမျိုးသမီး ဦးရေ ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါ ကားဟာ ဒီးမော့ဆိုမြို့နယ်ကနေ မော်ချီးဒေသကို ခရီးသွားမယ့် ကားဖြစ်ပြီး လမ်းခုလတ်တနေရာမှာ မတော်တဆ ကားတိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ