Homeသတင်းကရင်နီပြည်မှာ စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေကြောင့် တလအတွင်း နေအိမ် ၁၉ လုံးပျက်စီးခဲ့

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေကြောင့် တလအတွင်း နေအိမ် ၁၉ လုံးပျက်စီးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ပြည်သူ့နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG ) ရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုအပြင် စစ်ကော်မရှင်လက်အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ မီးရှို့ဖျက်ဆီးခံရမှုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူထုနေအိမ် မီးရှို့ဖျက်ဆီးခံရမှုစာရင်းကိုတော့ ကောက်ယူထားခြင်း မရှိသေးဘူးလို့ KnHRG ရဲ့ ဒါရိုက်တာက ပြောပါတယ်။

“ဖေဖော်ဝါရီလစာရင်းအရက လူထုနေအိမ် မီးရှို့ဖျက်ဆီးတဲ့အချက်အလက်တော့မ‌ရဘူးပေါ့နော်။ အဓိကအားဖြင့်က လေယာဥ်ဗုံးကြဲမှုကြောင့်ရယ်၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်ရယ်၊ ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့စာရင်းတော့ရထားတယ်။”လို့ KnHRG ရဲ့ ဒါရိုက်တာက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့အနီး တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ပြည်သူ့နေအိမ်တွေကို တမင် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ပျက်စီးမှုစာရင်းကိုတော့ မသိရှိရသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီလအတွင်း ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN)က ကောက်ယူထားတဲ့ စာရင်းအရ ဒီးမော့ဆိုမြို့နယ်မှာ ၃လုံး ၊ ဖရူဆိုမြို့နယ်မှာ ၆ လုံးနဲ့ ဖားဆောင်းမြို့နယ်မှာ ၅ လုံး စုစုပေါင်း နေအိမ် ၁၄ လုံး ပျက်စီးခဲ့တယ်လို့ ဒီကနေ့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ