Homeသတင်းဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ရာသီတုတ်ကွေးအပြင် အရေပြား ယားနာခြင်း၊ အ‌ရေခွံကွာခြင်းများ ဖြစ်ပွားနေ

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ရာသီတုတ်ကွေးအပြင် အရေပြား ယားနာခြင်း၊ အ‌ရေခွံကွာခြင်းများ ဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ကလေးငယ်အပါအဝင် လူကြီးများလည်း ရာသီတုတ်ကွေး အဖြစ်များနေကြတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဆေးဝါးလိုအပ်မှုများ ရှိနေတဲ့အတွက် အဖျားတွေတစ်မျိုးပြီးတစ်မျိုးဖြစ်လာကြတယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

‘‘ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းက တစ်လလုံးလုံး ကလေးတွေ အကုန်လုံးဖြစ်ကြတယ်။ ကလေးတွေ ဖျားနာကြတုန်းက လူကြီးလည်းလိုက်ဖျားကြတယ်။ အခု ကလေးတွေ သက်သာလာတယ်။ လူကြီးတွေက ကြားမှာသက်သာလာသေးတယ်။ ဒါပေမဲ့လို့ အခု ဒီ ၃ လပိုင်းဆို လူကြီးတွေ နောက်တစ်ခါ ပြန်ဖျားကြတယ်။’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာတွင်းရှိ ရာသီတုတ်ကွေးခံစားရတဲ့ အသက်အရွယ်တွေမှာ ၁နှစ် မှ ၁၅နှစ် အတွင်းနဲ့ သက်ကြီးရွယ်အိုတွေ အဖြစ်များကြတယ်လို့ သိရှိရပါတယ်။

ရာသီတုတ်ကွေး ခံစားနေကြရတဲ့အပြင် ကလေးများမှာ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း၊ ယားနာဖြစ်ပွားခြင်း၊ လူကြီးပိုင်းတွေမှာလည်း အရေပြားအခွံကွာခြင်းတွေ ဖြစ်ပွား‌နေကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်နေရတဲ့အတွက် အဆိုပါနေရာရှိ ဒေသခံတွေကို ယခင်ကလို ထောက်ပံ့ပေးတဲ့ အလှူရှင်အဖွဲ့အစည်းတွေလည်း မရှိတော့တဲ့အပြင် ကျန်းမာရေးအသိပညာပေးသူတွေလည်း မရှိတော့တဲ့အတွက် ကျန်းမာရေးအသိပညာပေးနဲ့ ပတ်သက်ပြီး လာရောက်ပို့ချပေးစေချင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ