Homeသတင်းသင်္ကြန်မှာ စက်သုံးဆီချွေတာဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

သင်္ကြန်မှာ စက်သုံးဆီချွေတာဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

-

ကန္တာရဝတီတိုင်း (မ်)

လာမယ့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလမှာ စက်သုံးဆီချွေတာဖို့နဲ့ မော်တော်ယာဥ်တွေကို စနစ်တကျ သတ်မှတ်သုံးစွဲသွားကြဖို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က မတ် ၂၄ ရက်နေ့၊ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စက်သုံးဆီများဖူလုံစွာရရှိရေး နဲ့ သုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ဒါကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ခါးကျီးပေါင်းရောဂါကို အရေးပေါ် ခွဲစိတ်ကုသမှုပြုလုပ်ပြီး ၃ ရက်အကြာ လူမြင်ကွင်းထွက်လာပြီး အစည်းအဝေးမှာ တက်ရောက် ပြောသွားခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီချွေတာဖို့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပပေးမယ်လို့လည်း စစ်ခေါင်ဆောင်က ပြောသွားပါတယ်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် မြန်မာနိုင်ငံကို ရိုက်ခတ်လာတဲ့ လောင်စာဆီ စွမ်းအင်အကြပ်အတည်းတွေနဲ့ ပါတ်သက်ပြီး စစ်ကော်မရှင်က နိုင်ငံအတွင်း အစီအမံတွေကို ဆက်တိုက် ချမှတ် လုပ်ဆောင်လာပါတယ်။

အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲက အချိန်ကာလ ဘယ်လောက်ကြာမြင့်နိုင်တယ်ဆိုတာကိုလည်း မသိနိုင်တာကြောင့် စက်သုံးဆီချွေတာဖို့ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံ မှာကြားသွားခဲ့ပါတယ်။

စစ်ခေါင်းဆာင်က ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချရေးအစီအမံအတွက် မော်တော်ယာဥ် သုံးစွဲမှုနဲ့ ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်စေတာ၊ QR Code အသုံးပြုပြီး ဆီဖြည့်တဲ့စနစ်ကိုသုံးတာ၊ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနတွေရဲ့ ရုံးလုပ်ငန်းကို နေအိမ်ကနေ ဆောင်ရွက်ကြဖို့ စသဖြင့် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။

ရန်ကုန်လို မြို့ကြီးတွေမှာလည်း စက်သုံးဆီပြတ်လပ်မှုတွေ ရှိလာနေတာကြောင့် ပြည်မကနေ လောင်စာဆီတင်သွင်းနေရတဲ့ ကရင်နီပြည်မှာလည်း လောင်စာဆီပြတ်လပ်မှုကို ကြုံတွေ့လာရနိုင်ပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကတော့ လောင်စာဆီသုံးစွဲရေးနဲ့ပတ်သက်ပြီး အထူးတလည် ကြေညာထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ အစီအမံကို စောင့်ကြည့်လေ့လာနေတယ်လို့ ပြောပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ