Homeသတင်းဆိုင်ကယ်တစ်စီးက တစ်ပတ်လျှင် ဓတ်ဆီ ၈ လီတာသာ ဝယ်ယူနိုင်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်

ဆိုင်ကယ်တစ်စီးက တစ်ပတ်လျှင် ဓတ်ဆီ ၈ လီတာသာ ဝယ်ယူနိုင်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်

-

ကန္တာရဝတီတိုင်း (မ်)

စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၂၇ ရက်နေ့ကစပြီး စက်သုံးဆီရောင်းချပေးမယ့် အစီအစဥ်အသစ်ကို စတင်အသုံးချဖို့ ညွှန်ကြားချက်အရ ဆိုင်ကယ်တစ်စီးက တစ်ပတ်လျှင် ဓာတ်ဆီ ၈ လီတာသာ ဝယ်ယူရမယ်လို့ ပြောထားပါတယ်။

ဒီကနေ့ စစ်ကော်မရှင်က အဆင့်မြင့်တင်ထားတဲ့ bar code/ QR code နဲ့ စက်သုံးဆီရောင်းချတဲ့စနစ်ကို အတည်ပြုထားတဲ့ ထုတ်ပြန်ချက်အသစ်အရ ယာဥ်အုပ်စုနဲ့ စွမ်းအားကွာခြားမှုအလိုက် စက်သုံးဆီဝယ်ယူမှု ပမာဏလည်း ကွာဟမှုရှိမယ်လို့ ဆိုထားပါတယ်။

အဆင့်မြင့်တင်ထားတဲ့ bar code/ QR code စနစ်မှာ ဆိုင်ကယ်တစ်စီးက တပတ်အတွင်း စက်သုံးဆီ ၂ ခါ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ စက်စွမ်းအား ၂၀၀၀ စီစီရှိတဲ့ အိမ်စီးမော်တော်ယာဥ်နဲ့ ဌာနဆိုင်ရာ နံပါတ်အနက်ရှိတဲ့ ယာဥ်တွေက တစ်ပတ်အတွင်း ဆီ ၃၅ လီတာနဲ့ ၂ ကြိမ်ဝယ်ယူနိုင်မှာ ဖြစ်တာကြောင့် စက်စွမ်းအားမြင့်လေ ဝယ်ယူနိုင်တဲ့ ဆီပမာဏက များလေလေဖြစ်မှာပါ။

အဆင့်မြင့်ကုဒ်စနစ်မှာ ကုဒ်ကို စကင် ( Scan ) ဖတ်လိုက်တာနဲ့ မော်တော်ယာဥ်နံပါတ်၊ တစ်ပတ်အတွင်း ဆီထည့်နိုင်မယ့်ပမာဏ နဲ့ ဝယ်ယူဖို့ ကျန်တဲ့ ပမာဏတွေပေါ်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုကူညီရေးယာဥ်၊ လူနာတင်ယာဥ်၊ နိဗ္ဗာန်ယာဥ်၊ စည်ပင်အမှိုက်သိမ်းယာဥ်၊ ရေပုပ်စုပ်ထုတ်တဲ့ ယာဥ်တွေကိုတော့ ကုဒ်စနစ်နဲ့ရောင်းချသွားမှာမဟုတ်ဘဲ အ‌ရောင်းဆိုင်တွေကနေ လိုအပ်သလောက် စိစစ်ရောင်းချပေးသွားရမယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

မတ်လ ၁၂ ရက်ကစလို့ နေပြည်တော်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာရှိတဲ့ ဆီဆိုင်တွေမှာ လိုင်စင်မဲ့ နဲ့ ဓာတ်ဆီအကြိမ်ကြိမ်ဝယ်ယူမှု လျှော့စေဖို့ စစ်ကောင်စီက QR စနစ်ကို စတင် ကျင့်သုံးခဲ့တာပါ။ ဓာတ်ဆီအရောင်းဆိုင်တွေက ဘီးခွန်(Wheel Tax)ကို လက်ကိုင်ဖုန်းနဲ့ စကင်ဖတ်ပြီးမှသာ ဆီထည့်ခွင့်ရှိ၊ မရှိ စိစစ်ရတာပါ။ wheel tax Barcode ဖတ်မရတဲ့ ယာဉ်တွေအတွက် သီးသန့်အချက်အလက်ဖြည့်သွင်းတဲ့စနစ် (Third-party) ကို အစားထိုး အသုံးပြုနိုင်ပြီး အချို့အရောင်းဆိုင်တွေမှာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ