Homeသတင်းဖရူဆိုအနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

ဖရူဆိုအနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်ကစပြီး ကလေးငယ်အပါဝင် လူကြီးတွေဟာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေတယ်လို့ သိရပါတယ်။

“အရွယ်စုံတော့ ဖြစ်တယ်၊ အရင်တစ်ပတ်ကတည်းက ဖြစ်တယ်ပြောတယ်။ သူတို့ အကြောင်းကြားလာတာပေါ့၊ ခုတော့ ဝမ်းပျက်ဝမ်းလျှော လူနာကတော့ နည်းသွားပြီ ၁၇ ယောက်လောက်ဘဲရှိတော့တယ်”လို့ ကျန်းမာရေးကူညီဆောင်ရွက်နေသူ တစ်ဦးက ဆိုပါတယ်။

အဆိုပါ ကျေးရွာမှာ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတာကြောင့် မြို့နယ် ကျန်းမာရေးအဖွဲ့ကို အကြောင်းလာတယ်လို့ ပြောပါတယ်။ ကျန်းမာရေးအဖွဲ့အနေနဲ့ မြေပြင်မှာ ဆေးကုသမှု ပေးခဲ့သလို တခြားသော ကျန်းမာရေးအသိပညာပေးမှုတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဖရူဆိုအနောက်ခြမ်းမှာ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတာ သက်သာလာပေမယ့် ဝမ်းကိုက်တဲ့လက္ခဏာကတော့ အဖြစ်များနေကြတယ်လို့ ဆိုပါတယ်။

“ဘာကြောင့် ဖြစ်တယ်လို့တော့ မသိရဘူး၊ ရေလည်း အဆင်ပြေတယ် ပေါတယ်ပေါ့၊ အိမ်သာကတော့ ယင်လုံအိမ်သာတော့ လိုမယ်” လို့ ကျန်းမာရေးပိုင်း ကူညီသူတဦးက ဆက်ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောက နှစ်စဉ်ဖြစ်ပွားနေတာကြောင့် ယင်လုံအိမ်သာရရှိဖို့လည်း ဒေသခံတွေက တောင်းဆိုထားကြပါတယ်။ အဆိုပါ ကျေးရွာမှာ ဒေသခံနဲ့ စစ်ဘေးရှောင် အပါဝင် အိမ်ခြေ ၇၀ ကျော်ရှိပြိး လူဦးရေ ၃၀၀ ကျော် စုပေါင်းနေထိုင်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ