spot_img
Homeသတင်းဖလာစျေးကျလို့ ယခုနှစ်မှာ ဖာလာ စိုက်ပျိုးမှုလျော့နည်းလာ

ဖလာစျေးကျလို့ ယခုနှစ်မှာ ဖာလာ စိုက်ပျိုးမှုလျော့နည်းလာ

-

ကန္တာရဝတီတိုင်း(မ်)

ဖာလာကို အဓိကထားစိုက်ပျိုးကြတဲ့ ကရင်နီပြည်၊ ဖရူဆိုအနောက်ဘက်ခြမ်း ကျေးရွာတချို့က တောင်သူတွေဟာ ယခင်နှစ်တွေအတွင်းမှာ ဖာလာစျေးတွေကျလာတာကြောင့် စိုက်ပျိုးလုပ်ကိုင်သူတွေ နည်းလာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

၂၀၂၂ ခုနှစ်တွေမှာ ဖလာစျေးတွေဟာ တစ်ပိသာကို ၃၀၀၀၀ ကျပ် ထိတက်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ တစ်ပိသာကို ၁၆၀၀၀ထိသာ စျေးရှိခဲ့တယ်လို့ သိရပါတယ်။

“တခြားပစ္စည်းတွေ၊ တခြားအရာဝတ္တုတွေက ကုန်စျေးနှုန်းတွေက တစ်နှစ်ပြီးတစ်နှစ်မက တစ်ရက်ပြီးတစ်ရက်က စျေးကကွာတယ်။ တော်တော်လေးအတက်ဖြစ်သွားတယ်ပေါ့နော။ အက်ကြောင့်မလို့ ဒီငါတို့ဒေသထွက်တဲ့ ပစ္စည်းကဘာလို့ စျေးတွေတက်လာတာမရှိတာလည်းပေါ့။ ပင်ပန်းရတာအကျိုးမနပ်ဘူး။ ပြီးတော့မှ ဒီဟာနဲ့ပဲ မိသားစုစားဝတ်နေရေး ဖူလုံဖို့လုပ်နေတဲ့ကြား စျေးနှုန်းတွေက ဒီလိုမျိုးကျဆင်းတဲ့အတွက်ကြောင့် အဓိက စိတ်ဓာတ်ကျကြတာပေါ့။” လို့ ဖရူဆိုဒေသခံ အမျိုးသမီးတဦး ကပြောပါတယ်။

ဖာလာကို မိုးရာသီတွင်းဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ခူးယူကြပြီး ဒေသတွင်းရာသီဥတုအရ စိုထိုင်းမှုတွေမြင့်တဲ့ အချိန်ဖြစ်တာကြောင့် ဖာလာကို အခြောက်ခံဖိုက ထင်းမီးတွေသုံးစွဲရသလို၊ လူပင်ပန်းပြီး သစ်တောပြုံးတီးမှုကိုလည်း ဖြစ်ပေါ်စေနိုင်တာကြောင့် ဆက်လက်လုပ်ကိုင်သူတွေ နည်းလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅၊ ၁၂ ပိုင်းမှာ ဒေသတွင်းက ဖလာခင်း ၅၊၆ ခင်းဟာ တောင်ယာမီးရှို့ရင်း မီးစွဲလောင်သွားတဲ့အတွက် ဖာလာပင်တွေ မီးတွင်းထဲ ပါသွားခဲ့သေးတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“တောင်ယာမီးရှို့ရင်းနဲ့ လောင်သွားတာပေါ့နော။ မီတားတာခါကျတော့မနိုင်ဘူးပေါ့နော။ တောင်ယာက ရှို့တဲ့ချိန်ဆို အရှိန်ပြင်းခါကျတော့ အကုန်လုံးဖလာတွေကလောင်သွားတယ်ပေါ့နော” လို့ သူကပြောပါတယ်။

ဖာလာဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ဟင်းခတ်အမွေးအကြိုင်အဖြစ်အသုံးပြုကြသလို၊ တိုင်းရင်းဆေးဝါးတွေမှာလည်း အသုံးပြုနေတာတွေရှိပါတယ်။ အေးမြပြီး စိုစွတ်တဲ့ တောင်တန်း ဒေသတွေမှာ ကောင်းကောင်းပေါက်ရောက်နိုင်တဲ့ အပင်အမျိုးအစားလည်းဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ