spot_img
14.8 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းခင်ပွန်းမှ မယားရင်ညွန့်ကို သေနတ်ဖြင့်ပစ်မိ  

ခင်ပွန်းမှ မယားရင်ညွန့်ကို သေနတ်ဖြင့်ပစ်မိ  

-

မူအက်စတာ

ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုအုပ်စု၊ ယပ်ခူရွာဟောင်းတွင် လင်မယားချင်းရန်ဖြစ်ရာမှ  ယောကျာ်းဖြစ်သူမှာ လက်ထဲမှတူမီးသေနတ်ဖြင့် မိန်းမဖြစ်သူကို ပစ်မိရာ သေဆုံးသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မေလ ၁ဝရက်နေ့တွင် ဦးသိန်းအောင်နှင့် ဒေါ်မူနန်းတို့လင်မယား ရန်ဖြစ်စကားများနေစဉ် ဦးသိန်းအောင်လက်ထဲတွင် ကိုင်ဆောင်ထားသော ကျည်ထိုးပြီးဖြစ်သည့် တူမီးသေနတ်အား ၎င်းမှမောင်းခလုတ်ဆွဲမိရာမှ ဒေါ်မူနန်းရင်ညွန့်သို့ ကျည်ဖောက်ဝင်၍ နောက်ဝဲဘက်ခါးအောက်တွင် ပေါက်ထွက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

သို့ဖြစ်၍ ဦးသိန်းအောင်အား (ပ)/၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းမှုခင်းမှတ်တမ်းများအရ သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ