spot_img
27.6 C
Loikaw
Tuesday 13, January 2026
spot_img
Homeသတင်းလယ်ကွင်းအတွင်း အမျိုသမီးတစ်ဦး ဓားဒါဏ်ရာ ၃ဝချက်ဖြင့် သေဆုံးနေ

လယ်ကွင်းအတွင်း အမျိုသမီးတစ်ဦး ဓားဒါဏ်ရာ ၃ဝချက်ဖြင့် သေဆုံးနေ

-

ကန္တာရဝတီတိုင်းမ်

နိုဝင်ဘာလ ၂၃ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဝှါရီကောခူကျေးရွာမြောက်ဘက် လယ်ကွင်းအတွင်း၌ အသက်(၂၅)နှစ်ခန့်ရှိသည့် အမျိုးသမီးတစ်ဦး ဓားဒါဏ်ရာ အချက် ၃ဝဖြင့်သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူအမျိုသမီးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ရှီမီလောကျေးရွာနေ မပွင့်ဖြူဖြစ်ကြောင်း သိရသည်။

၎င်းသည် ဝဲဘက်ခါးစောင်း ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ဝမ်းဗိုက်ပိုင်း ထိုးသွင်းဒဏ်ရာ (၁၀)ချက်၊ ဝဲဘက်နို့အုံ ထိုးသွင်းဒဏ်ရာ (၉)ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်ဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်ပျင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်လက်ခလယ် ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

အလောင်းကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာနှင့်အတူ ထင်မြင်ချက်တောင်းခံထားရှိပြီး ၂၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် လွိုင်ကော်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးနေကြောင်း ရဲစခန်းမှ သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ