spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းတရားမဝင်လက်နက် ခဲယမ်းများကိုင်ဆောင်သူတစ်ဦး အရေးယူခံရ

တရားမဝင်လက်နက် ခဲယမ်းများကိုင်ဆောင်သူတစ်ဦး အရေးယူခံရ

-

ဒွေးအယ်ခူ

လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေကွင်းဆက်တရားခံဖြစ်သည့် ဦးမောင်ကျော် (ခ) အောင်ကျော်၏ နေအိမ်တွင် တရားမဝင်လက်နက် ခဲယမ်းများကိုင်ဆောင်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၀) မှ ဒုရဲအုပ်မျိုးမင်းဆွေက ဥပဒေအရ အရေးယူပေးနိုင်ရန် တိုင်တန်းခဲ့ကြောင်း သိရှိရသည်။

ဦးမောင်ကျော် (ခ) အောင်ကျော်၏ အိမ်တွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ၎င်းအိပ်သည့် အိပ်ခေါင်းရင်းတွင် ကျည်အိမ်အတွင်းပွိုင့် ၂၂ ကျည် (၅)တောင့် ထည့်ထားလျှက် အရှည် (၃)ပေခွဲခန့်ရှိပွိုင့် ၂၂ အမျိုးအစားနံပါတ်မပါ ကျည်သေနတ်(၁)လက်အားထောင်ထားလျှက် တွေ့ရှိရပြီးသက်သေများရှေ့တွင် ဦးမောင်ကျော် (ခ) အောင်ကျော် မှ အပ်ပေး၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး (မြောက်) ကျေးရွာရှိခင်စိုးမြင့်(ခ) မီးမီး (ခ) ပဒေါင်မထံသို့ စိတ်ကြွဆေးပြားများထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုသည့် အက်ဖီဒရင်းများအားသွားရောက်ပို့ဆောင်သူလွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေကွင်းဆက်တရားခံဖြစ်သည့် ဦးမောင်ကျော် (ခ) အောင်ကျော် ၏ နေအိမ်သို့ မူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော်၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် (၄၀/၂၀၁၈) ဖြင့် ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ